" အန်ကယ် ဒါက သားနဲ့လက်ထပ်မယ့် ကောင်လေးပါ"
ဘရိုင်ယယ်သည် ထီ၏ လက်ကလေးအား ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။ ထီသည် ပီ ၏ အုပ်ထိန်းသူများနှင့်တွေ့ဆုံပြီး သူတို့၏ ဆက်ဆံရေးအား အသိပေးမည်ဖြစ်သည်။ သူနားမလည်သော မြန်မာစကားဖြစ်နေ၍ ပီနှင့် ထိုလူကြီးကိုသာ သူတစ်လှည့်စီကြည့်နေလိုက်သည်။
" ဒါ ငါ့သားကြီး ကောင်လေးလားကွဲ့.. အသားကဖွေးနေတာပဲကွ"
" ဟုတ် အန်ကယ်။ သူက ထိုင်းလူမျိုးစစ်စစ်လေ"
" ဟေ ထိုင်းလူမျိုးလား"
ဦးဘုန်းဋီကာသည် အံ့ဩရိပ်ကလေးဖြင့် ဝင်မေးလိုက်သည်။ ဘရိုင်ယယ် အနည်းငယ် စိုးရိမ်သွားသော်ငြား ဟန်မပျက်ပင် ပြုံးကာ
" ဟုတ်ကဲ့ အဘိုး သူက ထိုင်းလူမျိုးပါ"
" အေးကွယ် ဖူးစာတွေကလဲ ဆုံတတ်တာပဲ"
ထိုမှသာ ဘရိုင်ယယ် စိတ်အေးတော့သည်။ လူမျိုးခြားဖြစ်နေ၍ သဘောမတူမည်ကို စိုးရိမ်နေမိခြင်းသည် ထီ့အပေါ်နှစ်သက်သည့်ဟန်ပြကာမှသာလျှင် ပြေပျောက်လေတော့သည်။ ပူပန်နေသည့် စိတ်များသည် တစ်မီးတော့ငြိမ်းလေသည်။
" သား.."
ဦးဘုန်းကုဋေ၏ အခေါ်အား ဘရိုင်ယယ်မျက်လုံးအကြည့်ဖြင့် ထူးလိုက်သည်။
" ဖေဖေလို့ခေါ်ပါတော့လား.."
ဘရိုင်ယယ်သည် ပြုံးလိုက်မိသည်။
" ကျေးဇူးတင်ပါတယ် ဖေဖေ အရာအားလုံးအတွက်ပါ.."
ငယ်စဉ်အခါကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့ရုံသာမက ပညာသင်ကြားပေးခဲ့အတွက်ရော၊ ကြီးလာလို့ ကြင်ယာစုံသည်အထိ မငြိုမငြင် လက်ခံပေးလို့ ကျေးဇူးပါ ဖေဖေ..။
ဦးဘုန်းကုဋေသည် ဘရိုင်ယယ်အား ခပ်တင်းတင်းဖက်ထားသည်။ ဘုန်းတောက်ကုဋေခံ့သည် ဦးဘုန်းကုဋေတို့ 'ဘုန်း'မျိုးနွယ်၏ သားငယ်ဖြစ်လျှင် ဘရိုင်ယယ်ခေါ် ဘုန်းမြင့်မြတ်သည် သူ၏ သားကြီးဖြစ်ပေလိမ့်မည်။
" ဖေဖေ.. ခံ့ ညက ပြန်မလာဘူး"
" အင်း ဖေဖေသိတယ်။ ဖုန်းဆက်တာလဲ မကိုင်ဘူးကွယ်။ မင်း ညီ ကို ဖေဖေစိတ်ပူတယ်ကွာ။ ဒီကောင် တစ်နေရာရာမှာ မူးနေမှာစိုးမိတယ်။"
YOU ARE READING
ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်း
Fantasyအောက်ပါ fiction သည် 18+ အမျိုးစားဖြစ်သည့်အတွက် အသက်ပြည့်ပြီးသူများသာ ဖတ်ရန် သတိပေးအပ်ပါသည်။ 18+အမျိုးစား ဖြစ်သည့်အပြင်၊ စကားလုံးရိုင်းများ ပါဝင်သည့်အတွက်ကြောင့် သဘောကျမှသာ ဖတ်ရန် ပြောကြားလိုပါသည်။ စကားကြမ်းများ၊ အပြောဆိုရိုင်းများ မကြိုက်လျှင် မဖတ်ရ...