Ven ပြောစရာလေးရှိလို့ပါ။
ဗန့်ရဲ့ "ယစ်" က အစ်မတစ်ယောက် သုံးထားပြီးသား Title name ဖြစ်သလို၊ Character name လဲဖြစ်နေတယ်။ ဒါ့ကြောင့် ညွှန်းရင် ဘယ်သူ့ကို ညွှန်းမှန်းမသိဖြစ်စေနိုင်တယ် ဆိုတာကြောင့်ရော၊ ဗန်ကပါ တူညီနေရင် စိတ်ထဲအဆင်မပြေတာကြောင့်ပါ ဗန့်ရဲ့ ကလေးတွေ နာမည်ကိုအစအဆုံး ပြန်ပြောင်းချင်ပါတယ်။
ဗန့်ရဲ့ "ယစ် || အထက်တန်းစား" ဆိုတဲ့ Title name အစား " ကိုယ့်ရဲ့ အထက်တန်းစား" ဆိုပြီး ပြန်ပြောင်းပါ့မယ်။
ယစ် ရဲ့နာမည်အစား "ညှို့မှိုင်းသွင်"
ဇိမ် ရဲ့နာမည်အစား "သွင်လင်းထိုက်သျှား"
လစ် ရဲ့နာမည်အစား "စေသက်မှူး"
ဇိမ်နဲ့လစ်ရဲ့ အဖေနာမည် ဇိမ်ယစ်မူး အစား "ဦးသွင်စေရာ"လို့ပြောင်းသုံးပေးပါ့မယ်။အခုမှ ဖတ်မယ့်ကလေးတွေကိုရော၊ အရင်ကဖတ်ခဲ့တဲ့ကလေးတွေကိုရော ဗန်ကပဲ အားနာနာနဲ့ နောက်တစ်ခေါက် ထပ်မှတ်ဖို့ အလုပ်ပေးရပါတော့မယ်။ အကယ်၍ ဗန်ပြောင်းခဲ့တဲ့ နာမည်တွေထဲက တစ်စုံတစ်ဦးဦးနဲ့များ တူညီခဲ့သည်ရှိသော် ဗန့်ကို အချိန်မရွေးလာပြောပေးပါ။ ချက်ချင်းပြောင်းပေးပါ့မယ်။
"ဘုန်းတောက်ကုဋေခံ့"ကတော့ ဗန်အကြိုက်ဆုံးဖြစ်ပြီး ဘယ်သူမှ သုံးနှုန်းမထားသေးတာကြောင့် ဗန်မပြောင်းပါဘူးနော်။ ခံ့က ခံ့ပါပဲ။
ဒါဆိုရင် ဗန်က "ကိုယ့်ရဲ့ အထက်တန်းစား" လေးကို ခဏ unပါ့မယ်။
စာပြန်စီပြီးတဲ့အခါ ချက်ချင်း ပြန်အပ်ပေးမှာမလို့ စိတ်မခုကျဖို့ တောင်းဆိုချင်ပါတယ်။
ဗန်ရဲ့ စကားအပြောဆို၊ စာစီညံ့မှုကြောင့် တစ်ဖက်က အစ်မကိုတော့ မထိခိုက်စေလိုပါဘူး။ ဒါ့ကြောင့် စိတ်ထဲခုတာဖြစ်ဖြစ်၊ မကျေနပ်တာဖြစ်ဖြစ် ဗန့်ဆီလာပြောပါ။ ဟိုအစ်မနဲ့တော့ မဆိုင်ပါဘူးနော်။ ဟိုအစ်မကိုလဲ စိတ်မခုဖို့ ဗန့်ကလေးတွေကို ဗန်ကပဲတောင်းဆိုချင်ပါတယ်။ အခုရှုပ်မှ နောင်ရှင်းပါ ကလေးတို့ 😉
Edit - ညှို့မှိုင်းသွင် ကိုတော့ မှိုင်းလို့သုံးပြီး၊ စေသက်မှူးကို မှူးလို့သုံးမှာပါနော်။ သွင်လင်းထိုက်သျှားကိုတော့ ကိုလင်း လို့သုံးပါ့မယ်။ ဒါတွေကပါ တူညီနေတာရှိရင် ပြောနိုင်ပါတယ်နော်။ ဗန် အကုန်ပြောင်းပေးနိုင်တယ်။
YOU ARE READING
ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်း
Fantasyအောက်ပါ fiction သည် 18+ အမျိုးစားဖြစ်သည့်အတွက် အသက်ပြည့်ပြီးသူများသာ ဖတ်ရန် သတိပေးအပ်ပါသည်။ 18+အမျိုးစား ဖြစ်သည့်အပြင်၊ စကားလုံးရိုင်းများ ပါဝင်သည့်အတွက်ကြောင့် သဘောကျမှသာ ဖတ်ရန် ပြောကြားလိုပါသည်။ စကားကြမ်းများ၊ အပြောဆိုရိုင်းများ မကြိုက်လျှင် မဖတ်ရ...