25_Z

3.5K 39 1
                                    

အချိန်ကား ည ၁၀နာရီ။

ဦးဘုန်းကုဋေသည် အိမ်ကြီး၏ တံခါးဝဆီသို့ မျှော်ကြည့်ကာ အိမ်အရှေ့တွင်း၌ ရှေ့လျှောက်၊ နောက်လျှောက်ဖြင့် အလုပ်ရှုပ်လျှက်ရှိနေသည်။

" အန်ကယ် နားရင် နားလိုက်လေ သား ဆက်စောင့်လိုက်ပါ့မယ်"

ဘရိုင်ယယ်သည် သားဖြစ်သူအား စိတ်ပူပန်နေသည့် အန်ကယ့်အား မကြည့်ရက်တော့ပေ။ ဦးဘုန်းကုဋေသည် သက်ပြင်းရှည်ကြီးအားချကာ..

" သားလဲ မစောင့်နဲ့တော့ ဘရိုင်ယယ်၊ အပေါ်တက်ပြီး အိပ်တော့။ ဒီကောင် သူ့အိမ်သူပြန်သွားပြီ ထင်တယ်"

ဘရိုင်ယယ်သည် ခေါင်းငြိမ့်ပြလိုက်သည်။ ဦးဘုန်းကုဋေသည် အပေါ်ထပ်ရှိ သူ၏ အခန်းဆီသို့ တက်သွားလေသည်။ ဘရိုင်ယယ်သည် ခြံထဲသို့ဆင်းလာခဲ့လိုက်သည်။ ခြံဝနားထိ လျှောက်လာပြီး ခပ်လှမ်းလှမ်းဆီသို့ ငေးကြည့်လိုက်သည်။ မည်သည့်အရိပ်ယောင်မျှ မတွေ့၍ ခြံတံခါးအား သေချာပိတ်၊ မပိတ်အား စစ်ဆေးကာ အိမ်ကြီးအတွင်းသို့ ပြန်ဝင်လာခဲ့လိုက်သည်။ အိမ်မကြီးတံခါးအား သေချာပိတ်ကာ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ ဘုရားခန်းတွင် ဘုရားဝတ်ပြုကာ အခန်းတွင်းသို့ ဝင်လိုက်သည်။

ရေချိုးခန်းအတွင်း ကိုယ်လက်သန့်စင်ကာ ညအိပ်ဝတ်စုံအား လဲကာ ဝတ်လိုက်သည်။ ပြီးနောက် ကုတင်ထက်၌ ကျနစွာနေရာယူပြီး ဖုန်းသုံးနေလိုက်သည်။ ပုံမှန်ခေါ်ဆိုနေကျ vcလေးသည် ယနေ့တွင်တော့ မပြောဖြစ်ကြပေ။ ထိုင်းကောင်လေးသည် သူ့အားမဆက်သွယ်သည်မှာ တစ်ရက်မျှပင်ရှိလေသည်။ ခံ့နှင့် သူ့အစ်ကိုကတော့ အဆက်သွယ်ရှိမည်ဟုထင်မိသည်။

ဘရိုင်ယယ်သည် online ဖြစ်သော်ငြား တစ်ယောက်တည်း ယောင်ချာချာဖြစ်နေသဖြင့် လိုင်းပိတ်ကာ ဖုန်းအား ဘေးရှိစားပွဲလေးတွင်တင်လိုက်သည်။ ရေတစ်ခွက်အား သောက်ကာ အိပ်ယာထက် လှဲလျှောင်းလိုက်သည်။ စိတ်ထဲ လွမ်းဆွတ်သော်ငြား ကြာကြာပင် မလွမ်းနိုင်။ မျက်ဝန်းတို့သည် တစ်ခဏအတွင်းပင် မှိတ်ကာ အိပ်မောကျသွားရသည်။

* ဒေါက်! ဒေါက်!*

အခန်း၏ တံခါးခေါက်သံကြောင့် လန့်ကာနိုးလာရသည်။ အခန်းမီးအားဖွင့်ကာ အခန်းတံခါးဝဆီသို့ ထသွားလိုက်သည်။ အခန်းတံခါးအား ဖွင့်ကြည့်လိုက်လျှင် အပြင်၌ မည်သူမျှမရှိ။ ဘရိုင်ယယ် အိပ်ချင်နေရာမှ ရုတ်တရက် မျက်ဝန်းများ ပြူးကျယ်သွားသည်။ မည်သူမျှ ရှိမနေပါပဲ သူ၏အခန်းတံခါးအား ဘယ်သူက ခေါက်ရတာလဲ..။

ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်းWhere stories live. Discover now