27_Z

2.6K 42 0
                                    

ကြီးမားကျယ်ပြန့်‌လှသည့် king size ကုတင်ကြီးထက်၌ မှိုင်းသည် အိပ်၍မပျော်နိုင်ပဲ လွန့်လူးကာ အတွေးနယ်မြေ၌ နစ်မြောနေလေသည်။

" ကိုကို့ကို ဖေဖေက ထိုးလိုက်တယ်။ နာနေမလားပဲ။ အခုထိလဲ အခန်းထဲ ပြန်မလာသေးဘူး.."

မှိုင်း ငုတ်တုတ်ကလေးထထိုင်လိုက်သည်။ နံရံထက်ရှိ တိုင်ကပ်နာရီကြီးသည် ၁၁နာရီဟူသော အချိန်အားညွှန်ပြနေသည်။ ကုတင်ထက်မှ ဆင်းရန် ကုတင်စွန်းသို့ ဖင်လေးရွှေ့ကာ သွားလိုက်သည်။ ထိုစဉ် အခန်း၏ တံခါးလော့ဖွင့်သံအား ကြားလိုက်ရသဖြင့် မိမိနေရာတွင် အမြန်ပြန်လှဲကာ အိပ်ချင်ယောင် ဆောင်နေလိုက်သည်။

ခံ့သည် သယ်ပိုး၍ပင် မထားချင်သော ခြေလှမ်းများဖြင့် အခန်းတွင်းသို့ ယိမ်းယိုင်စွာဖြင့် ဝင်လာလေသည်။ သူ၏ ချစ်ရသူလေးသည် ကုတင်ထက်၌ သူ့အားကျောပေးကာ ကွေးကွေးလေးဖြင့် အသက်ရှူမှန်စွာ အိပ်ပျော်နေလေသည်။ ခံ့သည် သူ၏ အဝတ်စားများအား ချွတ်ကာ pajamas တစ်စုံအား လဲဝတ်လိုက်သည်။ ကိုယ်လက်ပင်မဆေးနိုင်တော့ချေ။ ကုတင်ထက်သို့တက်ကာ ချစ်ရသူ၏ ဘေး၌ အသာဝင်ကာလှဲအိပ်လိုက်သည်။

ခပ်ကွေးကွေးကိုယ်လေးအား သူ၏ ရင်ခွင်ထဲသို့ အံဝင်ခွင်ကျ ထည့်ကာ သိုင်းဖက်လိုက်သည်။ မျက်နှာနှင့် နီးကပ်လျှက်ရှိသော လည်တိုင်ဖွေးဖွေးလေးအား တစ်ချက်နမ်းရှိုက်ကာ မျက်နှာအပ်ထားလိုက်သည်။

" ကိုကို ဘာတွေမှားခဲ့လို့လဲ အချစ်ရယ်..။ ကိုကိုချစ်တဲ့လူတွေက ကိုကို့ဘက်မှာ မရှိကြတော့ဘူး.."

မှိုင်းသည် ထိုအသံများအား ငြိမ်သက်၍သာ အိပ်ချင်ဟန်ဆောင်၍ နားထောင်နေလေသည်။ ခံ့သည် သူ၏ ခံစားချက်များအား တစ်ခုဆီပင်ရေရွတ်ကာ ငိုကြွေးနေမိသည်။ သူ၏ ခံစားချက်များသည် ပြင်းထန်စွာဖြင့် နာကျင်နေသည်။ ဘယ်နေရာ၊ ဘယ်အချိန်ကစ၍ မှားယွင်းခဲ့မှန်းမသိပေ။ သို့သော် သူကိုယ်တိုင်ကတော့ သူမမှားဘူးဟုသာ ယုံကြည်နေသည်။

" အချစ်သိလား.. ကိုကိုက မင်းကိုသိပ်ချစ်တာလေ။ မင်းကတော့ ကိုကို့နားက ထွက်သွားဖို့ကြံနေတယ်။ ကိုယ်သိပ်နာကျင်ရတယ်ကွာ.။

ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်းWhere stories live. Discover now