" တောက်.. တောက်.. တောက်.."
ပိတ်လှောင်မှောင်မဲနေသည့် အခန်းတစ်ခုအတွင်း၌ ရေစက်ကျသံတို့သည် ကျယ်လောင်စူးရှစွာထွက်ပေါ်နေသည်။
" သူ့ကိုနှိုးလိုက်"
Black King ၏ အသံသည် အေးစက်စက်နိုင်ကာ ကြားရသူအဖို့ သေမင်းအမိန့်ပေးသံအလား သွေးပျက်မတတ် ကြောက်လန့်ဖွယ်ကောင်းလှသည်။
B-1သည် သူ၏အသင့်ကိုင်စွဲထားသော အရက်ပြန်ပုံးဖြင့် သူတို့ရှေ့၌ဒူးထောက်ကာ ငိုက်စိုက်ကြနေသည့်သူအား ပက်လိုက်သည်။
" အားးးး"
စူးစူးဝါးဝါးအော်သံသည် အခန်းတွင်း ပဲ့တင်ထပ်သွားသည်။ မှောင်ပိန်းနေသည့် မီးများသည် တစ်ချိန်တည်းမှာပင် လင်းလက်လာသည်။ အရက်ပြန်ဖြင့် အပက်ခံရသောထိုလူသည် မီး၏အလင်းရောင် စူးစူးကြောင့် မျက်မှောင်များကုပ်ခါ ကြောက်လန့်တကြားဖြင့် ပတ်ဝန်းကျင်အား စူးစမ်းနေသည်။
" နိုးလာပြီလား"
အေးစက်စက်ဖြင့် မှင်သေသေမျက်နှာထားနှင့် ပြောလာသော သူ့အား မော့ကာကြည့်လာသည်။ အရက်ပြန်၏ အရှိန်ဖြင့် ရိုက်ခံထားရသော ဒဏ်ရာများသည် စပ်ဖျင်းဖျင်းဖြင့် လူအား မခံထိမခံသာဖြစ်စေသည်။ ထိုလူသည် သူ၏နာကျင်မှုအား မမှု့အားပေ။ သူ၏ရှေ့ရှိ အနက်ရောင်ပြောင်လက်နေသည့် ဆိုဖာထက်၌ ခြေချိတ်ထိုင်ကာ စီးကရက်အား ဇိမ်ပါပါရှိုက်ဖွာနေသူအား သတိလက်လွတ်ငေးကြည့်နေမိသည်။
B.K သည် B-1အား မျက်စပစ်ပြလိုက်သည်။ ထပ်မံ၍ ကျရောက်လာသည့် ရေစက်များသည် ထိုလူ၏ ဦးခေါင်းထက်မှစ၍ ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားသည်။ မူလအရက်ပြန်နှင့်အတူ အေးစက်စက်ရေခဲရေတို့ကြောင့် ထိုလူသည် အာခေါင်ပင်ကွဲထွက်မတတ် အသည်းသန်ပင် ခြစ်ကုပ်အော်ဟစ်နေသည်။
" နားညည်းတယ်.."
Black King ၏အပြောကြောင့် ထိုလူအား အငယ်တန်းအဖွဲ့သားများမှ တစ်ဖက်စီတွင်ကိုင်ချုပ်ကာ ပါးစပ်ထဲသို့ ဘေ့ဘောအရွယ် သံဘောလုံးအား ထိုးထည့်လိုက်သည်။ ထိုလူသည် ခန္ဓာကိုယ်မှ စပ်ဖျင်းဖျင်းဒဏ်ရာသာမက ပါးစပ်ထဲရှိ သံလုံးဆို့ထားမှုကြောင့် နားထင်ကြောများပင် ထောင်ထကာ သွေးပျက်မတတ် ကြောက်လန့်နေလေသည်။
YOU ARE READING
ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်း
Fantasyအောက်ပါ fiction သည် 18+ အမျိုးစားဖြစ်သည့်အတွက် အသက်ပြည့်ပြီးသူများသာ ဖတ်ရန် သတိပေးအပ်ပါသည်။ 18+အမျိုးစား ဖြစ်သည့်အပြင်၊ စကားလုံးရိုင်းများ ပါဝင်သည့်အတွက်ကြောင့် သဘောကျမှသာ ဖတ်ရန် ပြောကြားလိုပါသည်။ စကားကြမ်းများ၊ အပြောဆိုရိုင်းများ မကြိုက်လျှင် မဖတ်ရ...