16_U

12.4K 386 3
                                    

မှိုင်းတို့ လက်ထပ်ပြီးစီးခဲ့ခြင်းသည် နှစ်ပတ်မျှပင် ရှိခဲ့ပြီ။ ချစ်ခြင်း၊ မုန်းခြင်း မပါဝင်ပါပဲ အစပြုခဲ့သော အိမ်ထောင်ရေးသည် ကိုကို့၏ ဘဝနှင့် ကိုကို့၏ ဝန်ခံချက်များကို သိရှိသွားပြီးနောက်တော့ သူတို့ဘဝလေးထဲတွင် ချစ်ခြင်းများကိန်းဝပ်လာသည်။ ကိုကိုသည် မှိုင်းအား ချစ်တယ် ဟုဝန်ခံခဲ့သော်ငြား မှိုင်းကတော့ ချစ်တယ်ဟု ဝန်မခံရသေးပေ။ အချိုးတွေပြောင်းကာ ပို၍နူးညံ့လာမည့် ကိုကို့ကိုသာ စောင့်ကြည့်ဦးမည်။

" ကိုကို့အတွက်.."

လချုပ်စာရင်းစစ်နေသော ကိုကို၏ ဘေးသို့ ကော်ဖီတစ်ခွက်ချပေးလိုက်သည်။ မှိုင်းသည် အဖြူရောင် ဂျင်းပေါင်တိုလေးကိုဝတ်ဆင်ထားပြီး ဆွယ်တာပန်းနုရောင်လေးကို ပုံကျကျလေးဝတ်ဆင်ထားသည်။ ကိုကို့ဘေး၌ စွေ့ကနဲဝင်ထိုင်လိုက်ကာ လက်ထဲမှ မိုင်လိုအား တစ်ငုံသောက်လိုက်သည်။

" ကိုကို.. အလုပ်တွေကများလားဟင်.."

ခံ့ မှိုင်းအားကြည့်လိုက်သည်။ သူ၏ ကလေးငယ်သည် ပန်းနုရောင်၊ အဖြူရောင်ပေါင်းစပ်မှုဖြင့် လှပနေသည်။

" အချစ်က ပျင်းနေပြီလား"

" ဟုတ်"

မှိုင်းက သူ၏ မိုင်လိုအား တစ်ငုံသောက်ကာ ခေါင်းလေးငုံ့ထားသည်။ အူယားလိုက်တာ..

" ဒါဆို ကိုကိုက အဖော်လုပ်ပေးမှာပေါ့။ အဲ့ခွက် ဒီကိုပေးပါဦး"

" ကိုကိုကသောက်ဖို့လား"

မှိုင်း၏ နှုတ်ခမ်းအနားလေးများတွင် မိုင်လိုအရည်လေးများက ကပ်ကျန်နေသည်။ ခံ့သည် မှိုင်း၏အမေးအား ပြန်မဖြေ မိုင်လိုခွက်ကိုသာယူ၍ စားပွဲပေါ်၌တင်လိုက်သည်။ ပြီးနောက် သူ့ကလေး၏ ခန္ဓာကိုယ်သွယ်သွယ်လေးအား ပွေ့ကာဖက်လျှက် မှိုင်း၏အပေါ်မှ အုပ်မိုးလိုက်သည်။

" အာ့..ကိုကို ဘာလုပ်တာလဲ"

" ချစ်ဖို့ကောင်းနေလို့"

" ကိုကိုကလဲ.."

မှိုင်းက ရှက်ရဲရဲဖြင့် ခေါင်းလေးအသာငုံ့သွားသည်။ ခံ့သည် မှိုင်း၏ နှုတ်ခမ်းလုံးလုံးလေးအား စုပ်ယူနမ်းရှိုက်သည်။ သူ၏ ကလေးသည် သူ့အနမ်းများအား ပြန်လည်ကာတုံ့ပြန်နေသည်။

ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်းWhere stories live. Discover now