" မှိုင်း သက်သာရဲ့လား"
သူ၏ ကြိုးစားအားထုတ်မှုကြောင့် မှိုင်းမှာ တစ်ရက်လောက်ပင် ကုတင်ထက်မှ မထနိုင်ခဲ့ပေ။ ထို့ကြောင့်လဲ မှိုင်းပြောသည်မလား ငါးရက်ဆိုတာ မဖြစ်နိုင်ကြောင်း၊ တစ်ညဆိုလျှင်တောင် မှိုင်းမှာ အကွဲကွဲ၊အပြဲပြဲခံစားရသည်ပင်။
" အင်း သက်သာတယ်"
မှိုင်း၏ မျက်နှာလေးသည် ခပ်တည်တည်ကလေးပင်။ ခံ့သည် သူ၏ ကလေးဘေးနားတွင်ဝင်ထိုင်လိုက်သည်။ ကုတင်ထက်၌ ကျောမှီကာခြေဆင်းလျှက် ဖုန်းကြည့်နေသော အသည်းလေးသည် သူ့အားစိတ်ဆိုးနေ၍လား..၊ စိတ်ကောက်နေ၍လားမသိ စကားပင် ကောင်းကောင်းမပြောပါချေ။
" မှိုင်း ကိုယ့်ကိုကြည့်ပါဦး"
" ဘာလဲ ခင်ဗျားရာ.."
မှိုင်း၏ ဆူအောင့်အောင့်အသံလေးက စိတ်မရှည်ရှာသလို ထွက်ပေါ်လာသည်။
" မှိုင်း ကိုယ့်ကို ဘယ်လိုတွေပြောနေရတာလဲ"
ခံ့သည် ရှူးရှူးရှဲရှဲဖြစ်သွားရသည်။ မှိုင်းသည် သူ့အား ငြင်းဆန်ခြင်း၊ စိတ်မရှည်ဟန်ပြခြင်း၊ ငြူစူခြင်းတို့အပေါ်မှာ အလွန်ကိုမှ serious ဖြစ်လွန်းပါသည်။ ဘာကြောင့်လဲသူမသိ မှိုင်းသည် သူ့အားအမြဲကြည်ဖြူရမည်၊ အမြဲနူးညံ့ပေးရမည်၊ အမြဲသူ့ရှေ့၌ သက်ဆင်းပေးရမည်။ ဤသည်ကိုသာ ဘုန်းတောက်ကုဋေခံ့က လိုချင်သည်။
" ဘာလို့လဲ ဘာဖြစ်လို့လဲ"
မှိုင်း၏အသံက ပို၍ကျယ်လောင် ငြူစူလာလေ ခံ့က အလိုမကျလာလေပင်ဖြစ်သည်။ ခံ့သက်ပြင်းချလိုက်သည်။ သူစိတ်ကိုအတတ်နိုင်ဆုံး လျှော့ရမည်ပင်။ ယခုမူ အိမ်တွင် မည်သူမျှ မရှိပေ။ သူနှင့်မှိုင်းသာရှိသည်။" မှိုင်း ကိုယ့်ကိုကြည့်ပြီးပြော မှိုင်းဘာကို အလိုမကျလဲ၊ ဘာကိုမကျေနပ်လဲဆိုတာ"
မှိုင်းက သူ့အား မျက်လုံးလေးဝေ့ကြည့်လာသည်။ အကြည့်တို့မှာ မကျေနပ်ချက်တို့အပြည့်ပါဝင်နေကာ မီးနဂါးတစ်ကောင်၏ အကြည့်စူးစူးမျိုးဖြစ်သည်။
" ဘာကိုမကျေနပ်တာလဲ ဟုတ်လား? ဘာကိုအလိုမကျတာလဲ ဟုတ်လား?"
ခံ့က ခေါင်းကိုငြိမ့်ပြလိုက်သည်။ မှိုင်းက ခြေဆင်းထိုင်နေရာမှ တပ္လင်ခွေထိုင်လိုက်သည်။ ခံ့သည် ကုတင်ကုတင်အောက်သို့ ခြေချကာ ဘေးတစောင်းအနေထားဖြင့် သူ့ကလေးဘေးတွင် ထိုင်နေခြင်းဖြစ်သည်။
YOU ARE READING
ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်း
Fantasyအောက်ပါ fiction သည် 18+ အမျိုးစားဖြစ်သည့်အတွက် အသက်ပြည့်ပြီးသူများသာ ဖတ်ရန် သတိပေးအပ်ပါသည်။ 18+အမျိုးစား ဖြစ်သည့်အပြင်၊ စကားလုံးရိုင်းများ ပါဝင်သည့်အတွက်ကြောင့် သဘောကျမှသာ ဖတ်ရန် ပြောကြားလိုပါသည်။ စကားကြမ်းများ၊ အပြောဆိုရိုင်းများ မကြိုက်လျှင် မဖတ်ရ...