" ဖေဖေ.! ဖေဖေ့!"
ဧည့်ခန်းတွင်းမှတဆင့် အပေါ်ထပ်ဆီသို့ ပျံ့နှံ့လာသော ထိုအသံ..။ဘရိုင်ယယ်၊ ထီနှင့်အတူ ဦးဘုန်းကုဋေတို့သည် ကိုယ်စီအခန်းရှေ့သို့ထွက်ကာ လှေကားထိပ်သို့ ကြည့်လိုက်ကြသည်။
ညှို့မှိုင်းသွင်သည် luggage အိတ်အားကိုင်ဆွဲကာ မျက်နှာမှာလဲ သုန်မှုန်နေသည်။ ဦးဘုန်းကုဋေသည် သက်ပြင်းသဲ့သဲ့အားချလိုက်ကာ.
" သားငယ် သားနဲ့ ရန်ဖြစ်လာတာလား"
မှိုင်းသည် ခေါင်းအား တစ်ချက်သာငြိမ့်ပြလိုက်သည်။ ဘရိုင်ယယ်သည် မထူးဆန်းတော့သည့် ဟန်ပန်ဖြင့် မှိုင်း၏အနားသို့ လျှောက်လာလေသည်။ ထီသည် သူတို့၏ အိပ်ယာအား ပြန်ဝင်ကာသိမ်းနေလိုက်သည်။
" သားငယ် ခဏစောင့်ဦးကွယ်။ အဖေ အဝတ်စားလဲပြီး လာခဲ့မယ်"
" ဟုတ်ကဲ့"
မှိုင်းနှင့် ဘရိုင်ယယ်သည် လှေကားထိပ်၌ ရပ်ကာကျန်ခဲ့သည်။
" ညီ.. ခံ့က ဒီတစ်ခေါက် ဘာလုပ်ပြန်ပြီလဲ"
ဘရိုင်ယယ်၏ မျက်နှာအား စေ့စေ့ကြည့်လိုက်သည်။ လေပူတစ်ချက်အား ခပ်ပြင်းပြင်းမှုတ်ထုတ်ရင်း..
" အဲ့လူကြီးကလေ လူသာသေသွားမယ်။ အကျင့်ကတော့ မသေနိုင်ဘူး။ ကိုကြီးသိလား မနေ့ညကလေ အရက်တွေသောက်လာတယ်။ သောက်တာကိုမပြောပေမဲ့ မူးမူးရူးရူးနဲ့ အန်ပါလေရော.."
အသံကြားရုံနှင့်ပင် ပျို့တက်လာသည့် မှိုင်းသည် ပါးစပ်ကလေးအား လက်ဖြင့်အသာအုပ်လိုက်သည်။
" မှိုင်း ရွံတတ်တာ ကိုကြီးလဲသိရဲ့သားနဲ့။ အဲ့တာ အဝတ်လဲပေးဖို့ ထခိုင်းတာကို မူးမူးရူးရူးနဲ့ ညီလေးကို ရိုက်မယ်၊နှက်မယ်ဟန်ပြင်ရော.. ကြည့်လေ ကိုကြီးတောင် ကိုကြီးဘယ်လောက်မူးမူး အစ်ကိုထီကို မရိုက်ဘူးမလား။ မှိုင်းကျတော့ အမြဲရိုက်မယ်၊ နှက်မယ်နဲ့.. ဒါပေမဲ့လဲ မှိုင်းကတော့ သိတဲ့အတိုင်းပဲလေ သူမရိုက်ခင် ကိုယ်က ဦးအောင်ပန်းအိုးနဲ့ ခေါင်းရိုက်ခွဲပြီး တစ်ခြားအခန်းပြောင်းအိပ်လိုက်တယ်။ ညကလာရင် အားနာလို့ ဒီမနက်မှ ဆင်းလာတာ ကိုကြီးရေ.."
YOU ARE READING
ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်း
Fantasyအောက်ပါ fiction သည် 18+ အမျိုးစားဖြစ်သည့်အတွက် အသက်ပြည့်ပြီးသူများသာ ဖတ်ရန် သတိပေးအပ်ပါသည်။ 18+အမျိုးစား ဖြစ်သည့်အပြင်၊ စကားလုံးရိုင်းများ ပါဝင်သည့်အတွက်ကြောင့် သဘောကျမှသာ ဖတ်ရန် ပြောကြားလိုပါသည်။ စကားကြမ်းများ၊ အပြောဆိုရိုင်းများ မကြိုက်လျှင် မဖတ်ရ...