" မှိုင်း ထတော့.. ညနေစောင်းနေပြီ ညပွဲအတွက် ပြင်ဆင်စရာ ပြင်ဆင်တော့"
ခံ့သည် ကုတင်ထက်ရှိ သူ၏ သတို့သားငယ်အား အသာလှုပ်နှိုးလိုက်သည်။ ညောင်းညာ၍ထင်သည် အင်း၊အဲ အသံပြုကာ တစ်ဖက်သို့လှည့်ကာ ပြန်အိပ်သွားသည်။
ခံ့ ကုတင်ထက်သို့ တက်လိုက်သည်။ မှိုင်းအား ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်ကာ..
" ထတော့လေ မှိုင်း "
နဖူးလေးအား ခပ်ဖွဖွနမ်းလိုက်သည်။ မှိုင်းက သူ၏ရင်ခွင်ထဲမှ အိပ်မှုန်စုန်ဖွားရုပ်ဖြင့် သူ့အား မော့ကြည့်နေသည်။ ခံ့က သဘောကျစွာ ရယ်မောလိုက်သည်။ မှိုင်း တစ်ခဏတော့ ကြောင်အသွားသည်။ မောင့်မှာ သွားစွယ်ကလေးရှိနေသည်။ အနည်းငယ် ရှည်ပြီး ချွန်မြမြ သွားစွယ်လေးကို သူဘာလို့ မမြင်ခဲ့ရတာပါလိမ့်..။
ခံ့က သူ့အား ငေးနေသည့် မှိုင်းအား ပြန်လည်စိုက်ကြည့်နေသည်။ လည်ပင်းရှိ လည်စိလေးသည် အထက်အောက်လှုပ်ရှားသွားသည်။ မှိုင်း၏ နှုတ်ခမ်းဖူးလေးထံ သူ၏ နှုတ်ခမ်းတို့အား ဖိကပ်နမ်းလိုက်သည်။
" မှိုင်း အဲ့လိုကြာကြာဆက်ကြည့်နေရင် မှိုင်းအတွက် မကောင်းနိုင်ဘူးနော်.."
မှိုင်း၏ နားဖျားလေးများက နီရဲတက်လာသည်။ သူ၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ကာ..
" ရေချိုးတော့မယ် မောင်လဲ ပြင်တော့လေ"
" ပြီးပြီ အဝတ်လဲရုံပဲကိုယ်က "
" ဒါဆို မှိုင်းရေချိုးလိုက်ဦးမယ်"
ရေချိုးခန်းထဲသို့ ဝင်မည့် မှိုင်းအား ခံ့က လက်ကလေးအားဆွဲလိုက်သည်။ ပါးပြင်လေးအား သူ၏နှာခေါင်းချွန်လေးနစ်ဝင်အောင် ရှိုက်နမ်းလိုက်သည်။
" ရပြီ သွားချိုးတော့ မြန်မြန်ချိုးနော်.."
" အင်း.."
မှိုင်းက ခေါင်းလေးငုံ့ကာ ရေချိုးခန်းထဲသို့ ပြေးဝင်သွားသည်။ ခံ့၏ တွန့်တိုလွန်းလှသည့် အပြုံးများသည် ဤသည်တွင်တော့ပေါများစွာ ပေးလှူနေမိသည်။
ပေ ၁၅၀ ပတ်လည် ခြံကြီးထဲ၌ ပွဲလာ ပရိသတ်များက ဟိုနေရာတစ်စု၊ ဒီနေရာတစ်စုဖြင့် အသီးသီးရှိနေကြသည်။ ခံ့သည် အင်္ကျီအားလဲလိုက်သည်။ ထိုစဉ် ဘရိုင်ယယ်သည် အခန်းတံခါးအား လာရောက်လေသည်။
YOU ARE READING
ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်း
Fantasyအောက်ပါ fiction သည် 18+ အမျိုးစားဖြစ်သည့်အတွက် အသက်ပြည့်ပြီးသူများသာ ဖတ်ရန် သတိပေးအပ်ပါသည်။ 18+အမျိုးစား ဖြစ်သည့်အပြင်၊ စကားလုံးရိုင်းများ ပါဝင်သည့်အတွက်ကြောင့် သဘောကျမှသာ ဖတ်ရန် ပြောကြားလိုပါသည်။ စကားကြမ်းများ၊ အပြောဆိုရိုင်းများ မကြိုက်လျှင် မဖတ်ရ...