" ဘရိုင်ယယ် ပြင်ဆင်ထားတာတွေ အကုန်ပါလား"
" အကုန်ပါတယ် ခံ့"
ဘရိုင်ယယ်ဆိုတာက ဖေဖေရဲ့ လူယုံတစ်ဦး။ ထို့အတူ သူနှင့်အတူ ငယ်စဉ်ကတည်းက စံအိမ်၌အတူကြီးပြင်းလာသည့် တစ်ဦးတည်းသော ညီကို သူငယ်ချင်းဖြစ်သည်။ ဖေဖေက ဘရိုင်ယယ်ကို အင်္ဂလန်က သူ့သူငယ်ချင်းဆီက ခေါ်လာတာဖြစ်ပြီး လက်သပ်မွေးထားတာကြောင့် ဘရိုင်ယယ်က တစ်ခြားသူနဲ့မတူပဲ သူနှင့်တန်းတူ အခွင့်ရေးပေးသည်၊ ပညာသင်စေသည်၊ အစစအရာရာ ခံ့နည်းတူထားသည်။ သားဟုမခေါ်ရုံတမယ်ပင် နေစေသည်။ ခံ့ကလဲ ဒါကို မနာလိုမဖြစ်၊ သူ့အတွက် ညီကို၊ သွေးသောက် တစ်ယောက်ရသည်ဟုပင် ထင်မြင်မိသည်။
ဘရိုင်ယယ်နှင့် အတူကြီးပြင်းခဲ့သည့် နေ့ရက်များတွင် ဘရိုင်ယယ်သည် သူ့အား တစ်ချက်မှ ငြူစူခြင်းမရှိခဲ့ပေ။ ဘရိုင်ယယ်က လိမ္မာပြီး ပါးနပ်သည်။ သူကတော့ စိတ်ဆက်ပြီး ဆိုးပေသည်။ သို့သော်ငြား ဘရိုင်ယယ်သည် သူ့အား အမြဲတစေ လိုက်လံစောင့်ရှောက်ကာ လမ်းမှား ဘယ်တော့မှ မရောက်စေပါ။ ဘရိုင်ယယ်နှင့်ခံ့သည် တစ်နှစ်မျှသာ အသက်ကွာခြားသည်။
" အင်း ဒါဆို ထွက်ကြမယ်"
ဘရိုင်ယယ်က မောင်းသည့် ကားကိုခံ့က ဇိမ်ကျကျပင် လိုက်ပါစီးနင်းလာသည်။ လီသွယ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်သည်။ သူတို့သွားရမည်က ဘန်ကောက်မြို့ဖြစ်သည်။ အစကနဦးတွင်တော့ ထိုင်းနယ်စပ်၌ ရောင်းဝယ်ရေးဖြစ်သော်ငြား ခံ့ကိုယ်တိုင်က အပင်ပန်းခံ၊ အလုပ်ရှုပ်ခံပြီး ပစ္စည်းများအား သေချာသယ်ယူကာ ဘန်ကောက်သို့သွားခြင်းဖြစ်သည်။ ဤသည်ကိုလဲ ဘရိုင်ယယ်သည် မေးခွန်းမထုတ်၊ သူနှင့်အတူသာ သတိ၊ဝိရိယဖြင့် လိုက်ပါလာသည်။
" ဘာလို့ private plane နဲ့မသွားရတာလဲ"
ခံ့ဆီမှ ငြီးငြီးငြူငြူစကား။
" ပိုက်ဆံပိုကုန်မှာ ဆိုးလို့နေမှာပေါ့ကွ"
ဘရိုင်ယယ်၏ အရွှန်းဖောက်မှုကို ခံ့က နှာခေါင်းရှုံ့သည်။ ဘရိုင်ယယ်၏လက်မောင်းအား တစ်ချက်ထိုးကာ သူ၏အိတ်အားလွယ်လိုက်သည်။ ပစ္စည်းများများစားစား မပါသော်ငြား စမတ်ကျစေရန်တော့ လက်ညောင်းခံကာ လွယ်မည်ပင်။
YOU ARE READING
ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်း
Fantasyအောက်ပါ fiction သည် 18+ အမျိုးစားဖြစ်သည့်အတွက် အသက်ပြည့်ပြီးသူများသာ ဖတ်ရန် သတိပေးအပ်ပါသည်။ 18+အမျိုးစား ဖြစ်သည့်အပြင်၊ စကားလုံးရိုင်းများ ပါဝင်သည့်အတွက်ကြောင့် သဘောကျမှသာ ဖတ်ရန် ပြောကြားလိုပါသည်။ စကားကြမ်းများ၊ အပြောဆိုရိုင်းများ မကြိုက်လျှင် မဖတ်ရ...