" ကိုခံ့.. ကိုခံ့ရဲ့ ဆိပ်ကမ်းက ကုန်သင်္ဘောတွေ မီးလောင်ကုန်ကြပြီ!"
အချိန်အားဖြင့် မနက် ၂နာရီ။ ရုတ်တရက် ဖုန်းဝင်လာသဖြင့် အိပ်မှုန်စုန်ဖွားဖြင့် ကိုင်လိုက်သော ခံ့ပင် မျက်လုံးပြူး၊ မျက်ဆံပြူးဖြစ်သွားရကာ ဆိပ်ကမ်းသို့ အမြန်သွားရတော့သည်။
ဘန်ကောက်မြို့တွင်ဖြစ်သည်။ ဘန်ကောက်မြို့ရှိ ခံ့၏ ကုန်သင်္ဘောများ ဆိုက်ကပ်သည့် ဆိပ်ကမ်းတစ်ခု။ ခံ့၏ လုပ်ငန်းများသည် လီသွယ်တွင်သာမက ဘန်ကောက်နှင့် အင်္ဂလန်မှာပါရှိသော်ငြား လူလုံးထွက်ပြကာ အုပ်ချုပ်ခြင်းမရှိ၍ ခံ့ဟု မည်သူမျှ မသိကြပေ။
" ဘယ်လိုဖြစ်တာလဲ"
ခံ့သည် ညအိပ်ဝတ်စုံထက်မှ အနွေးထည်အပါးအား ထပ်ဝတ်ကာ ရောက်လာခြင်းဖြစ်သည်။ တန်များစွာမြင့်သည့် ကုန်သင်္ဘောကြီးများသည် ကမ်းစပ်၌ မီးများစွဲလောင်နေကြသည်။ တန်သည် မနည်းလှ။ အဖိုးသည်လဲ မနည်းလှပေ။
" ရှို့မီးပါ ကိုခံ့"
" တောက်စ်!"
ခံ့သည် ဒေါသအားကြီးစွာဖြင့် တောက်တစ်ချက်ခေါက်လိုက်သည်။ များစွာသော ပမာဏကိုဆုံးရှုံးလိုက်ရသဖြင့် လူသည် ထူပူနေသည်။ တရိပ်ရိပ်လိပ်တက်လာသည့် အနက်ရောင် မီးခိုးလှိုင်းများကိုမြင်လျှင် ဒေါသသည် ငယ်ထိပ်သို့တက်စောင့်ကာ ပို၍ပင် ထိန်းမရတော့ပေ။
" တောက်! ဟိုခွေးမသားပဲဖြစ်မယ်"
ခံ့သည် ထီ၏ လက်ချက်ဟု ယုံကြည်ထားသည်။ ဘာသောက်ကြောင်းနဲ့ ဒီလောက်ယုတ်ညံ့နေရသည်ကို ခံ့သည်ပင် မတွေးတောတတ်တော့ချေ။
" ခံ့ ဘယ်လိုဖြစ်တာလဲ"
ဘရိုင်ယယ်သည် အိမ်ကြီးထဲတွင် အိပ်ပျော်နေခြင်းဖြစ်သည်။ သို့သော်ငြား ရုတ်တရက် ကားသံကြားရခြင်းကြောင့် လန့်နိုးကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။ ခံ့၏ အခန်းတွင် လူရှိမနေချေ။ အောက်ထပ်တွင်တော့ အဖွဲ့ထဲမှ ကောင်လေးတစ်ချို့ ပြေးလွှားပြာယာခပ်နေကြသည်။ ဘရိုင်ယယ်သည် ထိုကောင်လေးများအား မေးစမ်းကာ ခံ့ရှိရာဆီသို့ လိုက်လာခဲ့ခြင်းဖြစ်သည်။
YOU ARE READING
ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်း
Fantasyအောက်ပါ fiction သည် 18+ အမျိုးစားဖြစ်သည့်အတွက် အသက်ပြည့်ပြီးသူများသာ ဖတ်ရန် သတိပေးအပ်ပါသည်။ 18+အမျိုးစား ဖြစ်သည့်အပြင်၊ စကားလုံးရိုင်းများ ပါဝင်သည့်အတွက်ကြောင့် သဘောကျမှသာ ဖတ်ရန် ပြောကြားလိုပါသည်။ စကားကြမ်းများ၊ အပြောဆိုရိုင်းများ မကြိုက်လျှင် မဖတ်ရ...