Unicode
လက်ဖက်ရည်ဆိုင်ရှိ ဆောင်းဘောက်စ်မှ ပဌာန်းတရားတော် ဖွင့်ထား၏။ ဆိုင်အတွင်းဘက်တွင် ဧည့်သည် တစ်ယောက်စ နှစ်ယောက်စ ကျလာပြီဖြစ်သည်။ အပြင်ဘက်တွင် မြူနှင်းတို့ ကွဲစပြုနေပြီ။ နံရံတွင် ချိတ်ထားသော ရွက်စုတ်ပြက္ကဒိန်တစ်ခုချိတ်ထား၏။ ညိုမောင် ဒီမြို့ကိုရောက်တာ ၆လ ခန့် ရှိပြီဖြစ်သည်။ ယနေ့ ၁၉၉၈၊ Dec 22ရက်၊ စနေနေ့......
"ကျဆိမ့် ဝမ်း၊ ပလာတာဝမ်း"
ကိုဘပု၏ အော်သံကြားရ၏။ဆိုင်တွင် စားပွဲထိုး ၃ယောက်ရှိ၏။ ညိုမောင်၊ ကိုဘပု နှင့် ထွန်းကျော်တို့ဖြစ်သည်။ အဖျော် ဆရာက ၁ယောက်၊ မုန့်ဆရာက ၁ယောက် စုစုပေါင်း ၅ယောက်။ ကိုဘပုနှင့် ထွန်းကျော်မှာ ဆိုင်တွင် လုပ်သက်ကြာပြီဖြစ်သည်။ အသက်မှာလည်း မတိမ်းမယိမ်း၊ ညိုမောင့် အကိုလေးနှင့် ရွယ်တူလောက်ရှိလိမ့်မည် ထင်၏။ တစ်ဆိုင်လုံးတွင် ညိုမောင် အငယ်ဆုံး။ ညိုမောင်သည် တန်ခူးလတုန်းက ၁၁နှစ်ပြည့်ပြီးပြီဖြစ်သည်။
ဆိုင်ကောင်တာတွင် ဆိုင်ရှင် လေးလေးသည် သတင်းစာတစ်စောင်ကို ထိုင်၍ဖတ်နေသည်။ လေးလေးအမည်မှာ ဦးနေမျိုးဖြစ်သည်။ တစ်ဆိုင်လုံးက လေးလေးဟုခေါ်ကြပြီး ဆိုင်လာသည့် ဧည့်သည်မိတ်ဆွေတို့က ဦးမျိုးဟု ခေါ်ကြပါသည်။ လေးလေးသည် အရပ်ရှည်၏။ သာမာန်လူများထက် ခေါင်းတစ်လုံးမြင့်သည်အထိပင်။ ပိန်လည်းမပိန်လွန်း။ သူ့အရပ်နဲ့ သူ့ခန္ဓာကိုယ်မှာအချိုးအစားညီ၏။ လေးလေးသည် ပန်ချာပီကုလားတို့နှင့် ရုပ်ဆင်သော်လည်း ဗမာစစ်စစ်ဖြစ်၏။ တည်ကြည်သော မျက်နှာထားဖြင့် ဖော်ရွေတတ်သောသူဖြစ်သည်။ ဆိုင်လာသည့် ဧည့်သည်အများစုသည် သူ့မိတ်ဆွေများဖြစ်ကြပြီး အပေါင်းအသင်းဝင်ဆံ့သူ တစ်ဦးဖြစ်ရာ ဆိုင်အမည် "မာလာနွယ်"အစား "ဦးမျိုးဆိုင်"ဟု အများက ခေါ်ကြလေသည်။
ဆိုင်ကောင်တာအနီးရှိ စားပွဲတွင် ဦးလေးညွန့် ဆိုသူ ထိုင်နေသည်။ သူသည် အငြိမ်းစား သစ်တောအရာရှိ တစ်ဦးဖြစ်ပြီး အမြဲတပြုံးပြုံးနှင့် ဖော်ရွေတတ်သည်။
ဦးညွန့်က ပေါ့ဆိမ့်ကို တစ်ငုံသောက်လိုက်ပြီးနောက် လေးလေးကို မေးလိုက်သည်။
YOU ARE READING
မောင့်ငယ်ဖော်
Любовные романыUnicode သင်းကွဲငှက်တစ်ကောင်ဟာ "အိမ်"ဆိုတဲ့အရာကို မျှော်လင့်တောင့်တသလိုပဲ မိုးဦးသွင်ဆိုတဲ့ ကောင်လေးဟာ ညိုမောင့်အတွက်တော့ နွေးထွေးတဲ့အိမ်တစ်လုံးလို၊ အန္တရာယ်ကင်းတဲ့ အသိုက်အမြုံတစ်ခုလို အမြဲတမ်း နားခိုချင်နေတဲ့နေရာ..... ZawGyi သငျးကှဲငှကျတစျကောငျဟာ "အ...
