Unicode
မောင်နှင့် မိုးဦးတို့နှစ်ဦးသား စက်ဘီးစီးကြရင်း အနည်းငယ်မောလာသဖြင့် သဇင်မြိုင်ဝန်းထဲရှိ မြက်ခင်းပြင်ပေါ်တွင် အမောဖြေရန် ဝင်၍ထိုင်နေကြသည်။ ပြင်ဦးလွင်မြို့၏ ထင်ရှားလှသောမြိုင်ကိုးမြိုင်တွင် ပါဝင်သည့် သဇင်မြိုင်သည် ကိုလိုနီခေတ်အငွေ့အသက်တို့ဖြင့် အိပ်မက်ဆန်ဆန်ခမ်းနားလျက်တည်ရှိသည်။ ထိုဝန်းထဲရှိ ထင်းရူးပင်ကြီးများသည် အပြာရောင်မိုးကောင်းကင်သို့ပင် ထိလုမတတ် မြင့်မားလှပေ၏။
မိုးဦးက လက်ညှိုးနှင့် လက်မကို ကွေးကာ လက်နှစ်ဖက်ကို စတုဂံသဏ္ဍာန်အကွက်ဖော်လိုက်ပြီး ဓာတ်ပုံရိုက်သကဲ့သို့ လက်ကို မျက်လုံးနှင့် နီးကပ်လိုက် ခွါလိုက်လုပ်ကာ သဇင်မြိုင် အဆောက်အအုံကြီးအား ကြည့်နေ၏။
"လှလိုက်တာ၊ ဒီဖရိန် ( frame)အတိုင်း ပန်းချီရေးရရင် မိုက်မှာပဲ"
မိုးဦးက လက်ကို ထိုပုံစံအတိုင်း တစ်ဖြေးဖြေးနှင့် ရွေ့လိုက်ပြီး မောင့်မျက်နှာ၏ ဘေးတိုက်ပုံစံကို မြင်ရသည့်အခါ ရပ်လိုက်ပြီး
"မောင်.... ဒီဘက်လှည့်"မောင်က ဖြတ်ခနဲ မိုးဦးဘက်သို့ လှည့်လိုက်သည်။
ထို့နောက် မိုးဦးလုပ်နေပုံကို ကြည့်ပြီး ရယ်ရင်း
"ဘာတွေလုပ်တာလဲ၊ ဖယ်ပါကွာ" ဟု ပြောကာ မျက်နှာကို လက်ဝါးဖြင့် ကာလိုက်၏။"ဟာ... မင်းပုံကို ပန်းချီရေးပေးမလို့ (frameချ) နေရာချနေတာကွ၊ ခနလေးပါ သေချာကြည့်ပါရစေအုံး"
မောင်က ဘာမှ မပြောတော့ဘဲ ရယ်လျက် ခေါင်းကို အပေါ်သို့ မော့လိုက်သည်။ ဆံစံတို့တွင် ချွေးစက်တို့ တွဲလဲခိုလျက်။ မိုးဦး၏ လေးထောင့်ပုံစံလက်အကွက်ထဲမှ မောင့်မေးရိုးသည် အချိုးကျကာ ကြည့်၍ကောင်းနေသည်ဟု မိုးဦး ခံစားရမိသည်။ သူတို့အပေါ်တွင် အုပ်မိုးလျက်ရှိနေသော ချယ်ရီပင်မှ ချယ်ရီပွင့်ဖတ်တစ်ချပ်သည် မောင့်ခေါင်းပေါ်သို့ ကြွေကျလာသည်။ မိုးဦးက မောင့်ဆံပင်ဆီသို့ လက်လှမ်းလိုက်ပြီး ချယ်ရီပွင့်ဖတ်အား ဖယ်ပေးလိုက်သည်။ မောင့်မျက်နှာမှာ နီမြန်းလျက်
"သွားရအောင် မိုးဦး"
![](https://img.wattpad.com/cover/357063014-288-k56199.jpg)
YOU ARE READING
မောင့်ငယ်ဖော်
RomanceUnicode သင်းကွဲငှက်တစ်ကောင်ဟာ "အိမ်"ဆိုတဲ့အရာကို မျှော်လင့်တောင့်တသလိုပဲ မိုးဦးသွင်ဆိုတဲ့ ကောင်လေးဟာ ညိုမောင့်အတွက်တော့ နွေးထွေးတဲ့အိမ်တစ်လုံးလို၊ အန္တရာယ်ကင်းတဲ့ အသိုက်အမြုံတစ်ခုလို အမြဲတမ်း နားခိုချင်နေတဲ့နေရာ..... ZawGyi သငျးကှဲငှကျတစျကောငျဟာ "အ...