အပိုင်း ၈

793 14 1
                                        

Unicode

မိုးဦးက အိမ်ထဲသို့ ပြေးဝင်ကာ သင်ဖြူးပေါ်တွင် ပက်လက်လှန်လိုက်သည်။ သူ့ဆံစတို့သည် မောင့်ပေါင်နှင့် ထိကပ်နေလေ၏။ မောင်သည် အရင်လိုမဟုတ်တော့ပေ။ ရှက်သည်လည်း မဟုတ်၊ ကြောက်သည်လည်းမဟုတ်။ အဓိပ္ပါယ်ရေရေရာရာမရှိသော တစ်မျိုးကြီးဖြစ်နေသည့်စိတ်မှာ မကြာခဏဝင်ရောက်လာတတ်သည်။ ယခုလည်း မောင့်ခြေထောက်တွေ ထုံကျင်လာသလိုလို။ မောင်က ခြေထောက်ကို အနည်းငယ်ခွါလိုက်သည်။

"ဟေ့ရောင် မိုးဦး.... ရေချိုးတော့ကွာ"

မိုးဦးက အပျင်းကြီးကာ မလှုပ်။
"ထပါကွ၊ ကိုရွှေဌေးတို့ဆိုင်မှာ ရွှေငါးတွေ အသစ်ရောက်နေပြီ"

"တကယ်လား၊ မင်းတွေ့ခဲ့တာလား"မိုးဦးက ဆက်ခနဲ ထထိုင်ကာ မေးလိုက်သည်။

"တကယ်.... ငါ ဒီမလာခင် ဝင်ကြည့်ခဲ့တာ"

"သွားရအောင် အခု" ဆိုပြီး မိုးဦးက ဘောင်းဘီကိုဆွဲတင်ကာ ထလိုက်သည်။

အန်တီလေးက မိုးဦးနောက်ကျောကို လက်ဖဝါးနဲ့ ဖြန်းခနဲ ရိုက်လိုက်ပြီး
"ဟဲ့... ရေအရင်ချိုး၊ နံစောနေတာပဲ" ဟု တပြစ်တောက်တောက်နှင့် ပြောပါတော့သည်။

မိုးဦးက
"အမေကလည်းဗျာ" ဟု အော်ရင်း အနောက်ထဲ ပြေးဝင်သွားသည်။

မောင်က ရယ်လိုက်တော့ သဲတုံလေးကလဲ လိုက်ရယ်၏။

ဆရာလေးမှာ ခေါင်းတခါခါနှင့် မျက်မှန်ကို ချွတ်ကာ အနားရှိ စားပွဲခုံပေါ်သို့ တင်လိုက်သည်။
..............

အရောင်အသွေးစုံလင်လှသော အလှမွေးငါးများသည် ကျောက်ဆောင်၊ ကျောက်တုံးများ၊ ကျောက်ခက်၊ ရေမှော်များဖြင့် အလှဆင်ထားသော ငါးကန်များထဲတွင် သူ့အုပ်စုအလိုက် လှပစွာ ကူးခတ်နေကြသည်။ မောင်က ငါးကန်၏ မှန်ပေါ်သို့ လက်ညှိုးလေးဖြင့် ထောက်၍ ဟိုသည်ရွေ့လျားလိုက်ရာ အပြာရောင် ငါးသေးသေးလေးများသည် သူ့လက်သွားရာနောက်သို့ လိုက်ပါနေကြသည်။

မိုးဦးက မျက်လုံးနှစ်လုံးပြူးထွက်နေသည့်အဝါရောင်ငါးကို လက်ညှိုးထိုးကာ
" ဒီမှာကြည့်.... ဒါ တယ်လီစကုပ်အိုင်း၊ သူလဲ ရွှေငါးမျိုးထဲကပဲ"

မောင့်ငယ်ဖော်Where stories live. Discover now