Unicode
Review
သင်းကွဲငှက်တစ်ကောင်ဟာ "အိမ်"ဆိုတဲ့အရာကို မျှော်လင့်တောင့်တသလိုပဲ မိုးဦးသွင်ဆိုတဲ့ ကောင်လေးဟာ ညိုမောင့်အတွက်တော့ နွေးထွေးတဲ့အိမ်တစ်လုံးလို၊ အန္တရာယ်ကင်းတဲ့ အသိုက်အမြုံတစ်ခုလို အမြဲတမ်း နားခိုချင်နေတဲ့နေရာ.....မောင်.......
"ငါ မင်းကိုချစ်တယ် မိုးဦး"
"ဒါ သဘာဝမကျမှန်း၊ မဖြစ်သင့်မှန်း သိပေမယ့် ငါ့ကိုယ်ငါ ထိန်းချုပ်လို့မရဘူး၊ ငါလဲ ရူးတော့မှာပဲ"
"ငါ့ကို မုန်းလိုက်ရင်လဲ ရတယ်၊ ရွံစရာကောင်လို့ ထင်ရင်လဲ ငါ ခံလိုက်မယ်"
"မင်းကို ချစ်နေတာကိုတော့ ငါကိုယ်တိုင်တောင် တားလို့မရဘူး"မိုးဦး.......
"မောင်....ငါ မင်းကို ချစ်ပေးမယ်"
"မင်း ငါ့ကို ချစ်သလောက် ဘဝတစ်ခုလုံးကြီး မချစ်နိုင်ရင်တောင် ငါ မင်းအပေါ် အချစ်ခံရတဲ့ ခံစားချက်မျိုး ရတဲ့အထိ ချစ်ပေးမယ်"Author Note 📝 ဒီဝတ္ထုလေးက ခေတ်သမိုင်းကြောင်းနဲ့ သတင်းတစ်ပုဒ်ပေါ်မှာ အခြေခံပြီး ရေးထားတဲ့ စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဝတ္ထုထဲက အတိုင်း အပြင်ဘက် လက်တွေ့မှာတော့ တကယ်မရှိပါဘူး၊ ဒီဝတ္ထုမှာပါတဲ့ ဇာတ်ကောင်တွေဟာလည်း အပြင်မှာ တကယ်ရှိတဲ့လူတွေ မဟုတ်ပါဘူး။
နောက်ထပ်တစ်ခု ဝန်ခံချင်တာက ဒီဝတ္ထုကို အခြေခံတဲ့ ၁၉၉၇-၉၈ခုနှစ်တွေဟာ စာရေးသူအနေနဲ့ အလွန်ငယ်သေးပြီး လူလားမမြောက်သေးတဲ့အရွယ်ဖြစ်တာကြောင့် အဲ့ဒီခေတ်မှာ လှုပ်ရှားနေကြတဲ့ လူတွေနဲ့ မြို့ရွာတို့ရဲ့ ဒေသအခြေအနေတွေကို စာရေးသူ လက်လှမ်းမမှီခဲ့တဲ့အတွက် ဝတ္ထုထဲမှာ အမှားအယွင်းတစ်စုံတရာ ပါရှိခဲ့မယ်ဆိုရင် ခွင့်လွှတ်ပေးကြဖို့ ပထမဆုံး တောင်းပန်ပါတယ်။
ဝတ္ထုက အနည်းငယ်အေးပြီး ငြိမ်တဲ့ဘက်ကိုသွားတဲ့ ဝတ္ထုမျိုးပါ၊ ဝတ္ထုကိုဖတ်ပြီး စာဖတ်သူအနေနဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်နိုင်တာမျိုး ရှိကောင်းရှိနေပါလိမ့်မယ်။ သို့ပေမယ့် အဆုံးအထိဖတ်ရှုပေးမယ်ဆိုရင်တော့ တကယ် ဝမ်းသာရမှာပါလို့ ။ 🌺🌺🌺🌺
Notice - ဒီဝတ္ထုမှာ အညာဓလေ့တို့ပါဝင်တာကြောင့် ဇာတ်လိုက်က သူ့အမေကို "အမ" အဖေကို "အဘ" လို့ခေါ်တဲ့အကြောင်း ထည့်ရေးထားပါရစေ။ ရုတ်တရတ်ဖတ်လိုက်ရင် "အမ"ပြောပြီး ဘယ့်နှယ့် အမေက ပါလာတာလဲလို့ ထင်မှာစိုးလို့ပါ။
ZawgyiReview
![](https://img.wattpad.com/cover/357063014-288-k56199.jpg)
YOU ARE READING
မောင့်ငယ်ဖော်
RomanceUnicode သင်းကွဲငှက်တစ်ကောင်ဟာ "အိမ်"ဆိုတဲ့အရာကို မျှော်လင့်တောင့်တသလိုပဲ မိုးဦးသွင်ဆိုတဲ့ ကောင်လေးဟာ ညိုမောင့်အတွက်တော့ နွေးထွေးတဲ့အိမ်တစ်လုံးလို၊ အန္တရာယ်ကင်းတဲ့ အသိုက်အမြုံတစ်ခုလို အမြဲတမ်း နားခိုချင်နေတဲ့နေရာ..... ZawGyi သငျးကှဲငှကျတစျကောငျဟာ "အ...