အပိုင်း ၂၂

715 15 9
                                        

Unicode

စက်လှေတစ်စင်းသည် ဧရာဝတီမြစ်ပြင်ကျယ် အလယ်တွင် တရွေ့ရွေ့ ရွေ့လျားလျက်ရှိသည်။ ဆင်ကျုံးခံတပ်ပေါ်မှ ကြည့်လျှင် ဧရာဝတီမြစ်သည် ကျယ်ပြန့်လျက် ပြန့်ပြူးကာနေ၏။ မိုးဦးနှင့် မောင်တို့ နှစ်ဦးသား ခံတပ်တံတိုင်းပေါ်တွင် ထိုင်ပြီး မြစ်ပြင်ကျယ်ကြီးအား ထိုင်ကြည့်နေကြသည်။ လှိုင်းကြပ်ခွပ်လေးများသည် ခံတပ်တံတိုင်း၏ အောက်ခြေအား လာရောက်ထိခတ်နေကြသည်။

မောင်က ရင်ဘတ်အိပ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကို ထုတ်လိုက်ပြီး နှုတ်ခမ်းဖြင့်ဖိကာ ဘေးအိပ်ထဲမှ မီးခြစ်အား လက်ဖြင့်စမ်း၍ ရှာနေ၏။ မိုးဦးက မောင့်အားကြည့်ပြီး မေးလိုက်သည်။

"မင်း ဆေးလိပ်သောက်တတ်နေပြီပေါ့"

မောင်က ဆေးလိပ်ကို လက်ကြားတွင်ညှပ်ကာ လက်တစ်ဖက်က မီးခြစ်အား ကိုင်လျက်
"အင်း တစ်ခါတလေပါ"

"ဘာလို့လဲ မင်းက မကြိုက်ဘူးလား"

"မကြိုက်တာတော့ မဟုတ်ပါဘူး၊ ဆေးလိပ်က ကျန်းမာရေးအတွက် မကောင်းဘူးလေ၊ နောက်ပြီး ငါက ဆေးလိပ်နံ့မကြိုက်လို့"

"မင်း မကြိုက်ရင် မသောက်တော့ဘူး" ဟု မောင်က ဆိုကာ ဆေးလိပ်ကို အိပ်ကပ်ထဲသို့ ပြန်သိမ်းလိုက်သည်။ ထိုအခါ မိုးဦးက ရယ်လျက်
"မင်းက ငါမကြိုက်ဘူးဆိုတာနဲ့ မသောက်တော့ဘူးလား"

"အင်း မင်းမကြိုက်ရင် ဘာမှ မလုပ်ဘူး..... အခုရော နောင်ရော"

နှစ်ဦးသားတိတ်ဆိတ်လျက် အသံဟူ၍ လေတိုးသဖြင့် သစ်ရွက်ချင်း ထိခတ်သံတို့သာ ထွက်ပေါ်နေသည်။ ထိုတိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်သူမှာ မိုးဦးဖြစ်သည်။
"မောင်... ငါ့ကို ဘာလို့ကြိုက်တာလဲ"

မောင် အံ့ဩသွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ မြစ်ရေပြင်မှာ ငြိမ်သက်ဆဲ။

"အချစ်က ဘယ်လိုအဓိပ္ပါယ်ရှိရမယ်ဆိုတာမျိုး ငါ မသိဘူးမိုးဦး၊ ငါက စာတတ်တဲ့ကောင်မဟုတ်ဘူးဆိုတာ မင်းသိတာပဲ၊ ငါ မေမြို့ကို စရောက်တော့ တစ်လောကလုံးမှာ ငါတစ်ယောက်ထဲရှိနေသလိုမျိုး အထီးကျန်နေခဲ့ရတာ၊ မင်းနဲ့တွေ့မှ ငါ့ဘဝမှာလဲ နွေးထွေးမှုဆိုတာမျိုး၊ ပျော်ရွှင်မှုဆိုတာမျိုး ရှိသေးတာပဲလို့ ခံစားခဲ့ရတာ"

မောင့်ငယ်ဖော်Where stories live. Discover now