အပိုင်း ၂၃

207 7 1
                                    

Unicode

အဆောင်ခန်းထဲသို့ သီချင်းတအေးအေးဖြင့် ဝင်လာသော မိုးဦးကို ကြည့်ကာ ဇော်မင်းထွန်းက စည်း၍မေး၏။

"ဟာ ဟေ့ရောင် မိုးဦးသွင် သီချင်းတအေးအေးနဲ့ပါ့လား"

ပြောရင်းနှင့် အခန်းထဲတွင် ထိုင်နေကြသော တစ်ဖက်ခန်းက နှစ်ယောက်အား မေးငေါ့ကာ ပြောလိုက်၏။

"ဟေ့ရောင်တွေ... ဒီကောင် ဒီနေ့ အခြေအနေကောင်းနေတယ် ထင်တယ်ကွ"

"ဟိုနေ့ကတော့ တိမ်မည်းတွေ အုပ်ဆိုင်းနေတာ အခုတော့ အချစ်မိုးတွေ ရွာပြီးစအတိုင်းပဲ ရွှင်လို့ပြလို့"

"မင်း ဘယ်က ကောင်မလေးနဲ့ အဆင်ပြေလားတာလဲကွ၊ ငါတို့လဲ ပြောပါအုံး"

မိုးဦးက "အချစ်နဲ့ တွေ့လာတာကွ၊ ဘာလဲ မင်းတို့က ပညာယူချင်လို့လား"

ဟိုသုံးယောက်က မဲ့ရွဲ့လျက်
"ရည်းစားက အခုမှ ထားဖူးတာလား"

"အောင်မယ် မင်းတို့က ထားဖူးလို့လား၊ မင်းတို့ ငါ့လို ရည်းစားရှိလား"

"တော်ပြီ ဟေ့ရောင်တွေ ငါတို့လို သူတော်စင်တွေက ဒီကောင်နဲ့ ရန်ဖက်ဖြစ်လို့မရဘူး"

"အေး ငါနဲ့ ဒါလီနဲ့ ချစ်သူဖြစ်နေနေ့ကျမှ ချေပြအုံးမယ်"

"ဟား ဘယ်လိုတုန်းဟ မင်း အခြေအနေက ကောင်းလာပြီလား"

"ဟိုနေ့က သူက ငါ့ကို စကားပြောသွားတယ်ကွ"
"ဘာတဲ့တုန်း"

"လမ်းဖယ်ပေးအုံးတဲ့"

"ဟားဟား ဟိုက မင်းကို သစ်တုံးမှတ်ပြီး လွှဆွဲမသွားတာပဲ ကံကောင်းတယ်မှတ်"

"ငါ့အကြောင်းက ထားလိုက်ပါ၊ ဟိုကောင် မိုးဦးသွင်ကို ကြပ်ကြပါအုံး၊ ဒီကောင့်ကို မုန့်ကျွေးခိုင်းရမယ်"

"အေး ဟုတ်တယ် မင်း ရည်းစားရတဲ့ အထိမ်းအမှတ်နဲ့ ငါတို့ကို ကန်တင်းမှာ လိုက်ကျွေးကွာ"

"ဆုတောင်းလေကွာ၊ ငါ့ရည်းစားလေးက ကိုကိုပိုက်ဆံကုန်မယ့်အလုပ်တွေဆို ဘာမှ မလုပ်နဲ့တဲ့"
"အေး အဲ့ဒါဆို မင်းလည်း ဘာမှမစားနဲ့တော့ အဟာရသိဒ္ဓိပြီးနေလိုက်"

မောင့်ငယ်ဖော်Where stories live. Discover now