အပိုင်း ၁၈

166 7 4
                                    

Unicode

ကျောက်စိမ်းရောင် Sharan 110 ဆိုင်ကယ်လေးသည် မန္တလေးမြို့၏ လမ်းမများပေါ်တွင် တလိမ့်လိမ့် ပြေးနေ၏။ တမာပင်တို့၏ သင်းပျံ့သောရနံ့နှင့် မိုးဦး၏ ရေမွှေးနံ့တို့သည် ဆိုင်ကယ်အနောက်မှ ထိုင်၍လိုက်လာသော မောင့်ထံသို့ တစ်ချက်တစ်ချက် ဝေ့လာတတ်သည်။

"မိုးဦး မင်းဘယ်သွားမှာလဲ"

"ဘီးလည်တဲ့အတိုင်း လိုက်သွားမှာ"

"ဟားဟား ငါကတော့ မောင်းတဲ့လူ နောက်ကလိုက်ရမှာပဲ"

မိုးဦးက ဘုရားကြီး၏ အရှေ့ဘက်မုခ်တွင် ဆိုင်ကယ်ရပ်လိုက်ပြီး
"ရောက်ပြီ ဆင်းတော့"

"မဟာမြတ်မုနိလား"

"အေး မင်းဖူးပြီးပြီလား"

"မဖူးရသေးဘူး"

မိုးဦးက အံ့ဩစွာဖြင့်
"ဟင်... မင်း မန်းလေးရောက်နေတာ ကြာလှပြီ၊ ဘယ်မှ မရောက်ဖူးသေးဘူးလား"

"မင်းလာမယ်မှန်းသိလို့ မင်းကို စောင့်နေတာလေ"

မိုးဦးက ရယ်လျက်
"အေးပါ အေးပါ ငါ အကုန်လိုက်ပို့ပါ့မယ်"

ဘုရားစောင်းတန်းအတိုင်း လျှောက်လာရင်း စောင်းတန်းတစ်လျောက်ရှိ စျေးဆိုင်တန်းများကို ဝင်ကြည့်ကြ၏။ ကျောက်စိမ်းပုတီးများ၊ နိဗ္ဗာန်ကုန်ပစ္စည်းများ၊ အမှတ်တရင်္အကျီများဖြင့် စုံလင်လှ၏။ မောင်နှင့်မိုးဦးတို့ သစ်သားပုတီးစေ့တို့ဖြင့်ပြုလုပ်ထားသော လက်ပတ်ကြိုးလေးအား ဆင်တူဝယ်လိုက်ကြသည်။ ထို့နောက် မဟာမြတ်မုနိဘုရားကြီးအား နှစ်ဦးသား ဖူးမြော်ကြလေသည်။ ထို့နောက် ကြေးရုပ်များကို သွားကြည့်ကြသည်။

"မောင် ဒီကြေးရုပ်တုကြီးတွေက ကမ္ဘောဒီးယားနိုင်ငံ၊ အန်ကောဝတ်ဘုရားကျောင်းကနေ ယိုးဒယားရောက်၊ အဲ့နောက်တော့ ဟံသာဝတီမင်းက ယိုးဒယားကို သိမ်းလိုက်တော့ ဟံသာဝတီကို ပါလာတာပေါ့"

"ရောဂါရှိတဲ့လူက ကိုယ့်ဝေဒနာအလိုက် ဒီကြေးရုပ်တုရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပွတ်ပေးရင် ရောဂါသက်သာတယ်တဲ့" ဟုပြောရင်း မိုးဦးက ကြေးရုပ်ကြီး၏ ဦးခေါင်းအား ခုန်ကာ သွားထိလိုက်၏။
"ဘာလို့ ခေါင်းကို ထိတာလဲ"

မောင့်ငယ်ဖော်Where stories live. Discover now