Unicode
ပြည်ချစ်ဘုရား(ခေါ်)မဟာအံ့ထူးကန်သာ ဆုတောင်းပြည့်ဘုရားကြီးသည် ဘီအီးဖော(ယခု ပွဲကောက်ရေတံခွန်) မရောက်မီ ရေငယ်ကျေးရွာကုန်းထိပ်ပေါ်တွင် တင့်တယ်သက်ပယ်စွာ စံမြန်းလျက်ရှိသည်။ ဘုရားသို့သွားရာ လမ်းတစ်လျောက်တွင် ကားများဖြင့် ပြည့်ကြပ်နေသဖြင့် ကားကို ကုန်းအောက်တွင်ထားခဲ့ကြပြီး ဘုရားပေါ်သို့ ခြေလျင်တက်ခဲ့ကြသည်။ ဘုရားကြီးသည် ၂၀၀၀ပြည့်နှစ်ကတည်းက ရွှေထီးတော်တင်လှူပူဇော်ထားခြင်းဖြစ်သည်။ ဘုရားရင်ပြင်တော်တွင် ဆီမီးကိုးထောင် ထွန်းညှိပူဇော်ထားပြီး ရွှေထီးတော်မှာလဲ ရွှေအတိပြီးသဖြင့် မြင်သမျှ ရွှေရောင်ဝင်းပနေလေသည်။
ရင်ပြင်တော်ပေါ်တွင် လာရောက်ဖူးမြော်သူများ များပြားလွန်းသဖြင့် လူစုမကွဲစေရန် သတိထားနေရသည်။ ဂန္ဓကုဋိတိုက်တော်ကြီးအတွင်းတွင် ပြည်ချစ်ဘုရားကြီးသည် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည်။ မောင်တို့အားလုံး ဘုရားဝတ်ပြုကြပြီးနောက် လူများလွန်းသဖြင့်အပြင်ဘက်သို့ ပြန်ထွက်လာခဲ့ကြ၏။ ရင်ပြင်တောင်ပေါ်တွင် မြူနှင်းတို့ကျဆင်းလျက်ရှိ၏။
"ဟိုမှာ မီးပုံးပျံလွှတ်တော့မယ်၊ သွားကြည့်ရအောင်"ဖိုးလပြည့်က လက်ညှိုးတထိုးထိုးဖြင့် အော်ပြီး ခုန်ပေါက်နေသဖြင့် သူ့အကို ကိုလတ်က လိုက်ထိန်းရင်း မောင်တို့ကိုမှာသည်။
"လူစုမကွဲစေနဲ့၊ အုပ်စုလိုက်သွားကြ၊ လူစုကွဲလဲ မကြောက်နဲ့၊ မင်းတို့ ကားရပ်နားစခန်းကို ရောက်အောင်သာပြန်ခဲ့ကြ"
"ဟုတ်ကဲ့ ကိုလတ်"
ကိုကြီး၊ကိုငယ်က တစ်တွဲ၊ မောင်နှင့် မိုးဦးတို့ကတစ်တွဲ၊ တွဲလိုက်ကြပြီး ဖိုးလပြည့်က ဦးဆောင်လျက် မီးပုံးပျံလွှတ်တင်ရာနေရာသို့ ခပ်သွက်သွက် သွားလိုက်ကြသည်။
မီးပုံပျံကွင်းမှာ နေရာသတ်မှတ်ထားခြင်း မရှိသေးသဖြင့် ဘုရားကြီးဘေးရှိ ရေငယ်ရွာကွင်းပြင်ထဲတွင် မီးပုပျံလွှတ်ကြခြင်းဖြစ်သည်။ မီးပုံးပျံလွှတ်မည့်နေရာအနီးသို့ သူတို့ရောက်တော့ မီးပုံးပျံကြီးအား မီးစာထည့်နေကြပြီ။ မီးပုံပျံမှာ အလွန်ကြီးမားလှပြီး ဘေးပတ်လည်တွင် လူသုံးလေးဆယ်ခန့် ဝိုင်းကာကိုင်ထားကြ၏။ မှိုင်းဝသောအခါ မီးရှူးမီးပန်းတို့ ဖောက်လွှတ်မည့် ယမ်းခွေကြီးအား မီးပုံးပျံ၏ အောက်ခြေတွေ ချိတ်လိုက်သည်။
YOU ARE READING
မောင့်ငယ်ဖော်
Любовные романыUnicode သင်းကွဲငှက်တစ်ကောင်ဟာ "အိမ်"ဆိုတဲ့အရာကို မျှော်လင့်တောင့်တသလိုပဲ မိုးဦးသွင်ဆိုတဲ့ ကောင်လေးဟာ ညိုမောင့်အတွက်တော့ နွေးထွေးတဲ့အိမ်တစ်လုံးလို၊ အန္တရာယ်ကင်းတဲ့ အသိုက်အမြုံတစ်ခုလို အမြဲတမ်း နားခိုချင်နေတဲ့နေရာ..... ZawGyi သငျးကှဲငှကျတစျကောငျဟာ "အ...
