အပိုင်း ၂၇

208 6 0
                                    

Unicode

ပုံညာတောင်ပေါ်မှ ကြည့်လိုက်လျှင် မောင်တို့ရွာလေးကို မှုန်ပြပြမြင်နေရသည်။ နောက် ဟိုးဘက်မှာ ချင်းတောင်တန်းကြီးကို လှမ်း၍မြင်ရသည်။ လတ်ဆတ်သောလေသည် မောင့်အာရုံတို့အား လန်းဆန်းစေသည်။ အကိုလေးက ဘေးနားမှ လက်ညှိုးထိုး၍ ပြောလိုက်သည်။

"ဟိုးမှာ ပုံညာတောင် ဥမင်ပဲ၊ အမ ငါတို့ကို ထားခဲ့တဲ့နေရာပေါ့"

"အဲ့ရထားလမ်းက ရထားတွေဆွဲသေးလား"

"မဆွဲပါဘူးကွာ၊ မြေတွေ ဒီလောက်ပြိုနေတာ ဘယ်လိုလုပ် သွားလို့ရမလဲ"

ညီအကိုနှစ်ယောက် အမေ့အား လွမ်းဆွတ်တမ်းတနေမိသည်။ အကိုလေးက
"မင်း အခု ဘာဆက်လုပ်မယ် စဉ်းစားထားလဲ"

"ကျနော် မသိသေးပါဘူးဗျာ"

"အေးကွာ အေးအေးဆေးဆေး စဉ်းစားပေါ့၊ မင်း အခုမှ ၂၃/ ၂၄ရှိသေးတာ ငယ်သေးတယ်ကွာ၊ လျှောက်ရမယ့်လမ်းတွေ အရှည်ကြီးရှိသေးတယ်"

မောင်က ဘာမှပြန်မပြောဖြစ်၊ နှစ်ဦးသား ငြိမ်သက်နေကြသည်။

"ညိုမောင်"

"ဗျာ အကိုလေး"

"မင်း လုပ်ချင်တဲ့အလုပ်တွေ ဘာတွေ မရှိဘူးလား"
အကိုလေးက ဆက်ပြောသည်။

"ဒီလိုကွာ၊ မင်း ဘာဖြစ်ချင်လဲဆိုတာမျိုး စဉ်းစားဖူးလား အရင်ကဖြစ်ဖြစ်၊ အခုဖြစ်ဖြစ်ပေါ့"

"မင်းဖြစ်ချင်တာ မင်းလုပ်ချင်တာကို လုပ်ကွာ၊ ဘဝက နောင်တရနေဖို့ရာ တိုလွန်းသကွ၊ ဒီအတိုင်း ထိုင်နေလို့လဲ ဘာမှတော့မဖြစ်ပေမယ့် နောင်တစ်ချိန်မှာ ကိုယ်မလုပ်ခဲ့ရတာတွေအတွက် နောင်တရနေရင် အလကား အချိန်နှောင်းသွားတာပဲ အဖက်တင်မယ်"

မောင်က အကိုလေးပြောသည့်စကားတို့ကို လေးနက်စွာနားထောင်မိသည်။
"ဟုတ်ကဲ့အကိုလေး"

ထို့နောက် နှစ်ဦးသား တောင်ပေါ်က ဆင်းလာကြသည်။ မောင့်ရင်ထဲမှာတော့ အတွေးများဖြင့် ပြည့်နှက်နေသည်။
.....

ဒီရက်တွေမှာ မောင်သည် အကိုလေး၏ ယာအလုပ်အား ဝိုင်းကူပေးသည်။ အဘနှင့်လည်း ရှေးဟောင်းနှောင်းဖြစ် စကားတွေ အများကြီး ပြောဖြစ်သည်။ တူလေး၊ တူမလေးတို့နှင်လည်း အချိန်ဖြုန်းဖြစ်သည်။ အိမ်မှာနေရင်း ဘဝကို ဖြေးဖြေးမှန်မှန် ဖြတ်သန်းနေပါသည်။ ဆုံးဖြတ်ချက်တစ်ခုချရန် မိမိစိတ်ကို မိမိပြင်ဆင်နေမိသည်။

မောင့်ငယ်ဖော်Where stories live. Discover now