အပိုင်း ၉

761 15 0
                                        

Unicode

"မာလာနွယ်" လက်ဖက်ရည်ဆိုင်တွင် ဖိုးလပြည့်တစ်ယောက် လိမ္မော်ရည်သောက်ရင်း မောင်နှင့် စကားပြောနေသည်။ ကျောင်းပိတ်ရက် နေ့လည်ခင်းများတွင် ဖိုးလပြည့်သည် ဂိမ်းဆိုင်က အပြန် မောင်တို့လက်ဖက်ရည်ဆိုင်သို့ ဝင်လာတတ်သည်။ "မင်း အိမ်ဘာလို့မပြန်တာလဲ"ဟု မေးကြည့်တော့ "မားသားကြီးကို နားညီးလို့"တဲ့။ ဒီကောင်က အဲ့လိုမျိုး။ သူ့အကိုခြေရာကို မှီသည်ဟု ပြောရမည်။ သူ့အကိုကလည်း မာလာနွယ်မှာ ထိုင်နေကျ။ ဖိုးလပြည့် လက်ဖက်ရည်ဆိုင်ထိုင်ရဲခြင်းသည် သူ့အကိုနဲ့လိုက်လာရင်း ထိုင်ရဲသွားခြင်းဖြစ်ပေသည်။

ဖိုးလပြည့်က ထိုင်ခုံပုလေးကို ခြေထောက်ဖြင့် နှဲ့ရင်း မောင့်ကို လှမ်းပြောနေသည်။
"မင်း လပြည့်နေ့ကျ ငါတို့နဲ့ လိုက်ခဲ့ပါလား"

"ဘယ်သွားမှာလဲ မင်းက"

"ပြည်ချစ်ဘုရားလေ၊ တန်ဆောင်တိုင်ပွဲရှိတယ်၊ မီးပုံပျံလဲ လွှတ်မှာတဲ့"

"ငါ မအားဘူးကွ၊ အဲ့နေ့က ဆိုင်လူကျမှာ၊ နားချိန်တောင် ရပါ့မလားမသိဘူး"

"မင်း အားတဲ့အချိန် လိုက်ခဲ့ပေါ့၊ ငါ ဦးမျိုးကို ကူပြောပေးရမလား"

"ရပါတယ်ကွာ၊ မပြောပါနဲ့"

တကယ်တော့ ဖိုးလပြည့်သာမက ဆရာလေး ကူပြောပေးလျှင်တောင် လေးလေးက ခွင့်ပြုမည်မဟုတ်။ လက်ဖက်ရည်ဆိုင်များသည် ပွဲတော်ရက်ဆိုလျှင် ခရီးသွားဧည့်သည်တို့အလာများသဖြင့် သာမာန်နေ့များထက် ပို၍ ဧည့်များတတ်သည်။ ထိုရက်မျိုးတွင် လေးလေးရော မောင်တို့စားပွဲထိုးများသာမက လေးလေး၏ အမျိုးသမီးနှင့် သမီးနှစ်ယောက်ပါ ဝိုင်း၍ ဆိုင်ကို ကူရသဖြင့် မည်သူမျှ အားမည်မဟုတ်။ ထိုကဲ့သို့သောအခြေအနေတွင် မောင်လို အလုပ်သမားတစ်ယောက်က အပျော်အပါးသွားသည်ဆိုလျှင် ဘယ်အလုပ်ရှင်က လက်ခံပါမည်နည်း။ နောက်ပြီး လေးလေးက သဘောကောင်းသော်လည်း စည်းကမ်းကြီးသည့်လူမျိုး။ မောင်သည် လေးလေးအပေါ် ချစ်ကြောက်ရိုသေရ၏။

"တော်ပါပြီ၊ မင်းတို့ပဲ ပျော်ခဲ့ကြပါ"

"မင်းတို့လေးလေးကလဲ လောဘကြီးလိုက်တာ၊ လပြည့်နေ့လေးတောင်မပိတ်ဘူး၊ တစ်နှစ်လုံး ပိတ်ရက်ရော ရှိရဲ့လား" ဟု လေသံကိုနှိမ့်ကာ ဟိုကြည့်သည်ကြည့်လုပ်၍ မေးလိုက်၏။

မောင့်ငယ်ဖော်Where stories live. Discover now