အပိုင်း ၁၅

723 16 0
                                        

Unicode

ရေပက်ခံကားလေးသည် ဘီအီးဖော(ပွဲကောက်ရေတံခွန်)သို့ ရောက်လျှင် ရပ်လိုက်ကြသည်။ ရေတံခွန်တွင် ရေကူးနေကြသူများ၊ ဒေသထွက် ပစ္စည်းများဝယ်ခြမ်းနေကြသူများနှင့် ကြိတ်ကြိတ်တိုးကာ စည်ကားနေ၏။

မောင်တို့အားလုံး ရေတံခွန်ထဲသို့ဆင်းကာ ရေကစားကြသည်။ မောင်က မိုးဦးအား ရေနဲ့ လှမ်းပက်လိုက်သည်။ ရေစက်တို့သည် မိုးဦးမျက်နှာကို စင်သွား၏။ မိုးဦးကလည်း မောင့်မျက်နှာအား ရေနဲ့ပြန်ပက်ကာ လက်စားချေလိုက်သည်။ ဖိုးလပြည့်က မောင့်အနား ရောက်လာပြီး မောင့်အား ရေထဲဆွဲနှစ်လိုက်၏။ မောင်က ရေထဲမှ ကုန်းရုန်းထကာ ရေမွန်းသွားသဖြင့် အသက်ဝအောင်ပြန်ရှူလိုက်ပြီး ထွက်ပြေးနေသော ဖိုးလပြည့်အား ရေထဲသို့ ပြန်ဆွဲနှစ်လိုက်သည်။ ထို့နောက် ဖိုးလပြည့်လဲ မောင့်ကဲ့သို့ ပြန်ထလာပြီး သုံးယောက်သား ရယ်လိုက်ကြသည်။

သူတို့အားလုံး ရေဝအောင် ကစားပြီးသောအခါ ချမ်းလွန်းသဖြင့် ခိုက်ခိုက်တုန်နေကြ၏။ သွားချင်းပင် ရိုက်နေကြသည်။ ညနေပင် စောင်းလုပြီဖြစ်သည်။ ဖိုးလပြည့်အကို ကိုလတ်က ရောက်လာပြီး
"ဟေ့ကောင်တွေ တော်တော့ကွ၊ လာ ကုန်းပေါ်ပြန်တက်ကြတော့"

"ကြည့်အုံး၊ ငါ့လက်တွေ ပဲကြီးရေစိမ်ဖြစ်နေပြီ"

"ဟား ဟား"

"မင်းတို့ အင်္ကျီအပိုရော ပါကြလား"

"မပါဘူး ကိုလတ် ပြန်ကြတော့မှာ မဟုတ်ဘူးလား"

"မပြန်သေးဘူး၊ လိမ္မော်ခြံဘက် ဆက်သွားမှာ၊ အဲ့မှာ ညအိပ်မလို့"

"သွားသွား မင်းတို့ ဟိုမှာ လက်ဆောင်ပစ္စည်းဆိုင်သွားပြီး အင်္ကျီသွားဝယ်လဲကြ၊ ပိုက်ဆံရောပါကြလား"

"ပါပါတယ် ကိုလတ်"

"ကိုလတ် ကျနော် မပါဘူး၊ ကျနော့်ဖို့ပေးအုံး" ဖိုးလပြည့်က ပြော၏။

"ရော့ရော့ မင်းတို့ သုံးယောက်လုံးစာနော်၊ ဖိုးလပြည့် မင်းတစ်ယောက်ထဲ သုံးမပစ်နဲ့"

"ဟုတ်ကဲ့ပါ၊ ကိုလတ်ကလဲ"

"အေး မြန်မြန်လဲ ဟိုမှာ ကား မြင်လား၊ ပြီးရင် လာခဲ့ကြ လူစုံနေပြီ သွားရအောင်"

မောင့်ငယ်ဖော်Where stories live. Discover now