Author Note 📝 ဒီအပိုင်း၂၅ နဲ့ အပိုင်း ၂၆ ကို သေချာလေးဖတ်စေ့ချင်ပါတယ်။ ဘာလို့လဲဆိုတဲ့ ဒီနှစ်ပိုင်းထဲမှာပါတဲ့အကြောင်းအရာတစ်ချို့က အရေးတော်ပုံတစ်ခု အစပြုတော့မယ့် ရှေးပြေးနမိတ်ပုံတွေလို ပုံစံမျိုး ရေးသားထားလို့ပါပဲ။ ပါဝင်တဲ့စာကြောင်းက တစ်ကြောင်းစ နှစ်ကြောင်းစ ဆိုတော့ ဒီအတိုင်း ဖတ်လိုက်ရင် နားမလည်မှာ စိုးလို့ပါ 🌺
Unicode
"စာတွေကလဲ ခက်လိုက်တာ မောင်ရာ"
"ဖြေးဖြေးချင်းကျက်ပေါ့ မိုးဦးက တော်ပြီးသားပဲ"
"စာက စာမေးပွဲခန်းထဲကျ စဉ်းစားနေချိန်မရဘူး၊ အချိန်မီ မပြီးရင် ဒုက္ခပဲ"
စာမေးပွဲနားနီးပြီဖြစ်သဖြင့် မိုးဦးတစ်ယောက် မောင့်အဆောင်တွင် စာကျက်နေသည်။
"စာမေးပွဲပြီးရင်လဲ တန်းပြဆင်းရအုံးမှာ မောင်ရဲ့"
မိုးဦးတို့ပညာရေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားများသည် စာမေးပွဲပြီးသည့်နောက် မိမိတို့နေထိုင်ရာမြို့ရှိ ကျောင်းများတွင် တန်းပြဆင်းကြရသည်။"ဘယ်မှာဆင်းမှာလဲ ပုပ္ပါးမှာပဲလား"
"ဟုတ်တယ်၊ ဖေဖေရှိတဲ့နေရာမှာပဲ ဆင်းလိုက်တော့မလို့"
မိုးဦးဖေဖေ ဆရာလေးက မိုးဦး၏ ပညာရေးအတွက် ရာထူးတိုးမယူဘဲ ပြင်ဦးလွင်ကျောင်းမှာပင် တာဝန်ထမ်းခဲ့ပြီး မိုးဦးအထက်တန်းကျောင်းပြီးသည့်နောက် သူ့အမေ(မိုးဦးတို့အဘွား)ရှိရာ ပုပ္ပါးသို့ ပြန်လည်ပြောင်းရွေ့ခဲ့လေသည်။ ထို့ကြောင့် မိုးဦးက ကျောင်းပိတ်ရက်များတွင် ပုပ္ပါးသို့ ပြန်လေ့ရှိသည်။ ယခုလည်း မိုးဦးက စာသင်နှစ်လေးနှစ်ပြီးတော့ ပညာရေးတန်းပြဆင်းရန်အတွက် ပုပ္ပါးကျောင်းမှာပင် တန်းပြဆင်းရန် ရွေးချယ်ခဲ့သည်။
မောင်က သက်ပြင်းရှည်ကြီး ချလိုက်ပြီး
"ဟင်းး။ မိုးဦးနဲ့ မောင် ခွဲရတော့မှာပဲ""ခဏပါပဲ မောင်ရာ၊ အလုပ်လျှောက်တော့ မောင်ရှိတဲ့နေရာ လျှောက်မှာပါ"
"ကျောင်းဝတ်စုံလေးနဲ့ စာသင်နေတဲ့ပုံစံကိုတော့ မောင်မြင်ချင်သား"
YOU ARE READING
မောင့်ငယ်ဖော်
DragosteUnicode သင်းကွဲငှက်တစ်ကောင်ဟာ "အိမ်"ဆိုတဲ့အရာကို မျှော်လင့်တောင့်တသလိုပဲ မိုးဦးသွင်ဆိုတဲ့ ကောင်လေးဟာ ညိုမောင့်အတွက်တော့ နွေးထွေးတဲ့အိမ်တစ်လုံးလို၊ အန္တရာယ်ကင်းတဲ့ အသိုက်အမြုံတစ်ခုလို အမြဲတမ်း နားခိုချင်နေတဲ့နေရာ..... ZawGyi သငျးကှဲငှကျတစျကောငျဟာ "အ...