Part-2

2.2K 46 1
                                    

Uni🏡

"ပုံ့ပုံ့...."

"ရှင်!ဘဘကြီး"

"အပေါ်က ဘုရင်ကိုသွားနှိုးလိုက်တော့ ငါခေါ်နေတယ်လို့"

"ဟုတ်"

ပုံပုံသည် ယခင်အိမ်အကူဖြစ်သည့် မနော်၏
တူမလေးဖြစ်၏။အသက်အရွယ်အရမလုပ်နိုင်တော့သည်မို့ သူ့တူမနှစ်ယောက်ဖြစ်သည့်
ပုံ့ပုံ့နှင့် မိခိုင်ကိုပို့ပေးကာ သူကတော့ ရွာမှာပြန်၍အနားယူခြင်းဖြစ်သည်။

ပုပုလုံး"နှင့်ကလေးမများသည် ၂၀ ဝန်းကျင်မို့ သွက်လက်ချက်ချာကြသည်။အရပ်ကတော့ ၅ပေစွန်းစွန်းစီသာရှိလောက်မည်။

ဒေါက်! ဒေါက်!ဒေါက်

"အကိုလေး"

ဒေါက်! ဒေါက်!ဒေါက်!

"အကိုလေးရေ"

အိပ်ကောင်းနေသည့်အချိန်မှ လာနှိုးနေသည်မို့စိတ်ကထောင်းကနဲတိုသွားရ၏။ပေပြီးဆက်အိပ်နေပေမယ့် မထူးမချင်းတံခါးခေါက်ကာ ခေါ်နေသည်မို့ မထချင်ပဲ အတင်းကုန်းရုန်းထရ၏။

တံခါးဆွဲဖွင့်လိုက်သည်နှင့် ပုံ့"ရပ်နေတာတွေ့ရသည်မို့....

"ဘာလဲ ပြော"

"ဘဘကြီးက မနက်စာစားရအောင် ထတော့တဲ့ အစ်ကိုလေး"

"မစားသေးဘူးလို့ပြောလိုက်ဟာ"

တံခွန် ေခါင်းတစ်ချက်ကုတ်ပြီး တံခါးဆွဲပိတ်ခါနီးတွင်

"ခဏလေး ခဏလေး အစ်ကိုလေး"

တံခွန်စိတ်မရှည်သလို တစ်ချက်လှန်ကြည့်သည့်အခါ.....

"ဟို ဘဘကြီးက အခုချက်ခြင်းဆင်းခဲ့ပါတဲ့"

"ကျစ်! အေးအေး လာပြီလို့"

"ဟုတ်"

ပုံ့ပုံ့အောင်ထပ်သို့အောင်နိုင်သူလို အပြုံးမျိုးဖြင့်ပြုံး၍ဆင်းသွား၏။တစ်ကယ်တန်းဆို တံခွန်စိတ်တိုလျှင် ညီမနှစ်ယောက်လုံး တုန်နေအောင်ကိုကြောက်ကြသည်။ပုံမှန်ချိန်ဆိုရင်တောင် ခပ်တန်း"လေးသာဆက်ဆံရဲကြ၏။အခုလို ဦးထွန်းမြတ်ခိုင်းတဲ့ကိစ္စမျိုးတွေဆိုရင်တော့ စိတ်ထဲရှိသလို ပေါ့ပါးစွာဆက်ဆံရသည်မို့ သိပ်ပြီးတော့ မကြောက်ရသလိုခံစားရခြင်းကြောင့်ပင်.....

သိုဝှက်၍သိမ်းဆည်းသောWhere stories live. Discover now