Part-13

1.1K 23 6
                                    

Uni🏡

"ဒါကဘယ်လဲ တံခွန်"

"ပန်းခြံထဲ"

"သွားလို့မရသေးဘူး။ခဏနေမှသွား"

"ဟ! ဘာလို့လဲ ဒယ်ဒီရာ"

မင်းအကြောင်းငါသိပါတယ်တိုတဲ့အထာနဲ့

"မင်းမသိသလိုလာမလုပ်နဲ့ ဟိတ်ကောင်။ခြံထဲကို ဆက်ကြိုးရှိလို့သွားချင်နေတာမို့လား"

"ဟာ မဆိုင်လိုက်လိုက်တာ။ကိုယ့်ဘာသာ
အေးဆေးသွားထိုင်မလို့"

"အဲ့ဒါဆို ပြန်ဝင်။အိမ်ထဲမှာထိုင်စရာနေရာတွေအများကြီးရယ်"

"ကျစ်! ပြီးရောဗျာ ပြီးရော။မသွားတော့ဘူး"

ခြေဆောင့်ကာ လှေကားပေါ်ပြန်တက်သွားသည့်သားကိုကြည့်ကာ ဦးထူးမြတ်တစ်ချက်
ရယ်မိ၏။ကိုယ်မွေးထားတဲ့သား ဘယ်ခြေလှမ်းလှမ်းပြီး ပါးစပ်ဟလိုက်ရင် အူဘယ်နှစ်ခွေရှိတာကအစသိပါသည်။ဒီကောင်
ဆက်ကြိုးနဲ့စကားပြောချင်နေတာ။မတွေ့ရ စကားမပြောရလို့တားမြစ်ထားသည်မို့ ကိုယ်လစ်ရင်လစ်သလို သွားတွေ့ဖို့ကြိုးစားနေတာ။

တံခွန်အောက်ထပ်က တက်လာပြီး မှန်နံရံတွေနားမှာသာမတ်တပ်ရပ်မိ၏။။ထိုနေရာနဲ့တန်းနေသည့် မြင်ကွင်းကခြံထဲကပန်းခြံရှိ စားပွဲဝိုင်းလေးတွင် ငြိမ်သက်စွာထိုင်ကာ ငေးငိုင်နေသည့်သူကိုမြင်ရသည်။သူသွားတွေ့ဖို့ကြိုးစားတိုင်း ဒယ်ဒီနဲ့အမြဲတိုးနေသည်မို့ ထိုကိစ္စပြီးကတည်းက အခုထိ စကားပြောဖို့အခွင့်အရေးကိုမရသေး။မြင်နေရက်နဲ့ ဒီတိုင်းရပ်ကြည့်နေရုံသာတတ်နိုင်သည်။

ထိုအချိန် လက်ကိုမြှောက်ကာ ပါးပြင်ကိုပွတ်သုတ်လိုက်ပုံက ငိုနေသည့်ပုံပင်။

ထိုမြင်ကွင်းက သူ့ရင်ကိုဆူးနင့်စေ၏။သူရဖူးတဲ့နာကျင်ပါတယ်ဆိုတဲ့ဒဏ်ရာတွေထက်ကို
ပိုပြီးနားကျင်သည့်ခံစားမှုမျိုး။ဆက်ပြီးရပ်ကြည့်နိုင်စွမ်းတို့မရှိတော့မှ ထိုနေရာကဖယ်ကာ အိပ်ရာပေါ်ပစ်လှဲပြီးမျက်စိများစုံမှိတ်ထားမိ၏။အတွေးထဲပျံ့လွင့်နေသည်က ထိုလူငိုနေသည့်ပုံရိပ်တွေသာ

သူစိတ်မထိန်းနိုင်ပဲ လုပ်လိုက်မိတဲ့အမှားတစ်ခုက ဒီလူ့ကို ဤမျှလောက်တောင် နာကျင်စေခဲ့မိတာလား။

သိုဝှက်၍သိမ်းဆည်းသောWhere stories live. Discover now