Part-21

1.5K 18 1
                                    

Uni🏡

"ဘာ!"

"............."

"အေးအေး ငါအခုလာခဲ့လိုက်မယ်"

"............."

နေစစ်နဲ့မာန်ဟုန်အစကအလုပ်ရှုပ်နေကြသည်။ဒါပေမယ့်အထိတ်တစ်လန့်ဖုန်းပြောနေသည့်သူကြောင့်လုပ်လက်စအလုပ်တွေကို ခေတ္တရပ်ကာ.... ဖုန်းချပြီး သူတို့ကို ပြောပြလာမည့်စကားကို စောင့်စားနေကြပုံပင်။

တံခွန်ဖုန်းပြောပြီးသည်နှင့်

"ဘာတဲ့လဲ တံခွန်"

အာသွက်သည့်မာန်ဟုန်က အရင်မေးလိုက်ခြင်းဖြစ်သည်။

"အေး! အန်တီနှင်း မူးလဲလို့ ဆေးရုံရောက်နေတယ်တဲ့။ ပုံ့"ဖုန်းလှမ်းဆက်တာ ။ဒယ်ဒီလည်းမရောက်သေးဘူးတဲ့ ငါပြန်မှဖြစ်မယ်"

ဆိုင်ကယ်ဦးထုပ်ဆွဲကာ လောကြီးသုတ်ပြာသွားဖို့ပြင်နေသူသည် အခန်းထဲကိုနှမြောတသစွာ​ဝေ့ဝဲကြည့်၏။

လျှောက်လမ်းတစ်လျှောက်ခင်းကျင်းထားသည့် ကော်ဇောနီတွေသည်တစ်ကယ်ကိုရဲ"
တောက်လို့နေ၏။လင်းထိန်နေသည့်အသဲပုံရောင်စုံမီးသီးလေးတွေ။အခန်းတစ်ခုလုံးကို
အလှဆင်ထားသည့် သူကြိုက်တဲ့ အရောင်စုံသောရေမွှေးနှင်းဆီတွေ.......

ဟူးးးးအကုန်အလကားဖြစ်သွားတာပဲ....

စီစဥ်ထားပြီးမှလွဲချော်သွားခဲ့ရသည့် ပွဲလေးကို စိတ်မကောင်းစွာကြည့်နေသောသူငယ်ချင်း​ဖြစ်သူ၏ ပခုံးကို ခပ်ဖွဖွပုတ်ကာ

"စိတ်မပျက်ပါနဲ့ကွာ။နောက်မှငါတို့တွေထပ်စီစဥ်ကြတာပေါ့။"

"အွန်း..... ငါသွားတော့မယ်။"

"အေး ခဏနေငါတို့လည်းလိုက်ခဲ့လိုက်မယ်"

Diamond Crown Hospital

တံခွန်တို့လုပ်ငန်းစုမှထောက်ပံ့ကာ တည်
ထောင်ထားသည့် အကြီးစားပုဂ္ဂလိကဆေးရုံကြီးတွင်သာ ဒေါ်နှင်းစက်ကိုတင်ထား၏။
တံခွန်ဆေးရုံကိုရောက်သွားသည့်အချိန်တွင်
အော်ပရေးရှင်းခန်းရှေ့၌ ကျုံ့"လေးထိုင်ကာငိုင်နေသည့် ဆက်ကြိုးနဲ့ ပုံ့"တို့ညီအမကိုတွေ့ရသည်။

မျက်ဝန်းအိမ်တွေနီရဲနေပုံက ဘယ်လောက်တောင်ငိုထားလည်း မှန်းကြည့်စရာမလိုအောင်သိနိုင်သည်။သူရောက်လာတာကို
ပုံ့"တို့က အရင်မြင်ပြီးမှ သူလည်း တံခွန်လျှောက်လာသည်ကိုတွေ့ပုံရသည်။

သိုဝှက်၍သိမ်းဆည်းသောWhere stories live. Discover now