part-10

1.2K 29 4
                                    

Uni🏡

နေစစ် ဘားအောက်ထပ်ကနေ အပေါ်ထပ်ပြန်တက်လာခဲ့၏။နေစစ်မဆင်းသွားခင်က
တည်းက ဆိုဖာမှာထိုင်ကာ ပြုံးတုံ့တုံ့ လုပ်နေသူသည် အခုထိလည်း ထိုပုံစံအတိုင်းသာရှိသည်။ဘားကို စရောက်လာကတည်းက ဘာကိုသဘောတွေ့လာသည်မသိ မှိုရတဲ့မျက်နှာ
ထားမျိုး။သိပ်ကိုတည်တဲ့ကောင်က အခုလိုမျက်နှာမျိုးဖြစ်နေသည်မို့ သိချင်စိတ်ကတစ်ဖွား"နှင့်ပင်။

"ဟျောင့် တံခွန်"

ဆိုဖာမှာပက်လက်အိပ်နေရင်းကနေ နေစစ်ကိုမျက်စပစ်ပြသည်။ပြောဆိုတဲ့သဘော...

"မင်း ဆိုင်ကယ်ထပ်နိုင်လာပြန်ပြီလား "

"ဆိုင်ကယ်နိုင်တာလောက်ကို ငါကဒီလောက်ပျော်နေတတ်တဲ့လူမျိုးလား"

တံခွန်ပြောလည်းပြောချင်စရာပင်။တံခွန်ကဆိုင်ကယ်ကို ရူးသွပ်တဲ့သူဖြစ်သည့်အလျောက် မကြာခဏဆိုသလို အခြားသူများနှင့် ပြိုင်မောင်းလေ့ရှိကြသည်။တံခွန်ကပြိုင်ချင်စိတ်မရှိလျှင်တောင် သူ့စိတ်ကိုလာ"စွပြီး မပြိုင်ပြိုင်ချင်အောင် လာရောက်စိန်ခေါ်တတ်သည့်ငနဲများကြောင့် ဆိုင်ကယ်ပြိုင်တဲ့ပွဲတွေက မကြာခဏဆိုသလို ရှိတတ်စမြဲ။ပြိုင်ကြတိုင်းလည်း နံပါတ်တစ်ဆိုတဲ့နေရာက တံခွန်အတွက်သီးသန့်နေရာတစ်ခုလို အမြဲတမ်းအနိုင်ရတတ်၏။

"အဲ့ဒါဆိုလည်း ဘာတွေအူမြူးနေတာလဲ ဟမ်။ပျော်စရာရှိရင်လည်း နည်း"မျှပါဦး။"

"top screst"

မလျှိုထားစဖူးလာလျှိုနေသည်မို့ နေစစ် စိတ်ပေါက်"နဲ့ လက်ခလယ်သာထောင်ပြလိုက်သည်။ထိုအခါ အဆဲခံရသည့်သူကမျက်နှာကိုအပေါ်နည်း"မော့ရီကာ ခေါင်းကို
ဖြည်း"ချင်းခါ၏။နေစစ်ထပ်မေးမည်အပြုတွင်.....

ကလင်ကလင်ကလင်ကလင်

"ဟ...မာန်ဟုန်လိုင်းပေါ်က လှမ်းခေါ်နေတာ
တံခွန်"

"ဟုတ်လား ကိုင်လိုက်လေ။"

နေစစ် ဖုန်းကိုင်ပြီး video call ဖွင့်လိုက်၏။

တစ်ဖက် screen ကလူမှာ ဆောက်လုပ်ရေးဆောင်းဦးထုပ်အဝါကိုဆာင်းထားပြီး ချွေးပြန်ကာ ပူနေသည့်ပုံ။

သိုဝှက်၍သိမ်းဆည်းသောWhere stories live. Discover now