Part-22

1.2K 28 12
                                    

Uni🏡

"............."

တစ်တီတီမြည်နေသည့်နှိုးစက်ကိုလက်နဲ့လှမ်းပိတ်လိုက်ပြီး ကျန်လက်တစ်ဖက်က မွေ့ရာထက်ရွေ့လျားလို့နေသည်။အေးစက်
စက် အထိအတွေ့နဲ့ လေဟာနယ်ကိုသာ ဆုတ်ကိုင်မိချိန်မှာတော့ တံခွန့် မျက်လုံးတို့ပွင့်လာ၏။

"ဘာလဲ? ထသွားပြီလား။"

အိပ်ရာပေါ်လွန့်လူးရင်း မျက်လုံးက အခန်းတွင်းပတ်ရှာကြည့်မိသေး၏။လူကိုမတွေ့ရပဲ
ကုတင်ခေါင်းရင်းဘက်မှာကပ်ထားသည့် စာရွက်လေးသာတွေ့ရသည်။

"ငါ ဆေးရုံကိုဦးကျော်မောင်နဲ့ သွားနှင့်ပြီ
နော် တံခွန်။မင်းအိပ်နေလို့မနှိုးတော့တာ"

"ကျစ်! စောက်ရေးမပါတာကွာ.... ဘယ်အချိန်ရှိသေးလို့လဲ"

အိပ်ရာမှအလူးအလဲထကာ ရေအမြန်ချိုးပြီး
အောက်ထပ်သို့ဆင်းခဲ့လိုက်၏။ထိုအခါ အောက်ထပ်တွင် သန့်ရှင်းရေးလုပ်နေသောပုံ့ပုံ့နှင့် တိုးသည်။

"ဆေးရုံကို နင်မပါသွားဘူးလား ပုံ့ပုံ့"

"ရှင်!"

ရုတ်တစ်ရက်ကြီးရောက်လာပြီး အသံကျယ်"
နဲ့မေးလိုက်တာမို့ ပုံ့ပုံ့ နည်း"တောင်လန့်သွားမိ၏။လက်ထဲက ကြ က်မွှေးကို ကျစ်"ပါအောင် ဆုတ်ထားရင်း

"ဟုတ် အစ်ကိုလေး ဘဘကြီးက အိမ်မှာတစ်ယောက်နေခဲ့ပြီး တစ်ယောက်ပဲလိုက်လာဖို့ ဖုန်းလှမ်းဆက်လို့"

"ဆက်ကြိုးသွားတာ ကြာပြီလား။ဘယ်အချိန်ကတည်းကလဲ ဘယ်သူတွေပါသေးလဲ"

"အစောကလေးတင်မှသွားတာ အစ်ကိုလေး။
သိပ်တော့မကြာသေးပါဘူး။မိခိုင်နဲ့ ဦးလေးကျော်မောင်နဲ့ အတူတူသွားတာပါ"

"အဲ့ဒါဆို ဟိုကိုထည့်ပေးစရာပစ္စည်းကျန်သေးလား။ကျန်သေးရင် ပေးလိုက် ငါလိုက်သွားမလို့"

"မကျန်တော့ဘူး အစ်ကိုလေး။မနက်ကတည်းက အကုန်ထည့်ပေးလိုက်ပြီ"

"ပြီးရော"

ကျောခိုင်းသွားသည့် ကျောပြင်ကိုကြည့်ကာ

ဟူးးး မနက်စောစောကတည်းက ရာသီဥတုမကောင်းပါလား။

တံခွန်ဆေးရုံကိုရောက်လို့ အခန်းတံခါးဖွင့်လိုက်သည်နှင့် စိတ်ခုစရာမြင်ကွင်းက စီးကြိုလို့နေ၏။

သိုဝှက်၍သိမ်းဆည်းသောWhere stories live. Discover now