Part-1

6.7K 69 0
                                    

Uni🏡

"ဟျောင့် ပြန်တော့မလို့လား ဆက်ကြိုး"

ဆက်ကြိုး အလုပ်ချိန်ပြီးပြီမို့ ပြန်ဖို့အတွက်
ပြင်နေချိန်တွင် အနောက်မှရောက်လာ​ပြီး
ပခုံးလှမ်းပုတ်သည့်သူကိုလှည့်ကြည့်လိုက်၏။ပြီးမှ

"အေး ပြန်တော့မယ်လေကွာ။ငါ ဒီနေ့ တစ်နာရီထိပဲဝင်ရမှာကွ။အိမ်မှာလည်း အမေနေမကောင်းလို့။

"သြော်...အန်တီက မသက်သာသေးဘူးလားကွ။"

"လူကြီးဆိုတော့ ဒီလိုပါပဲကွာ သက်သာတစ်ရက် မသက်သာတစ်ရက်နဲ့ကွာ။အခုရက်ပိုင်းတော့ နည်း"ပိုဆိုးလာသလိုပဲ"

"အေးပါကွာ။နောက်မှ ငါလည်း လာခဲ့ပါဦးမယ်။"

"အေးပါကွာ။ဒါနဲ့မင်းရော ဘယ်ချိန်ထိလဲ ညဆိုင်းက"

"၃ နာရီထိကွ"

"အဲ့ဒါဆို ငါပြန်နှင့်မယ်နော်။မင်းလည်း ပြန်လာရင် ဂရုစိုက်ပြီးပြန်လာခဲ့"

"အေးပါ"

ဆက်ကြိုး ရဲလွင်ကိုနှုတ်ဆက်ပြီး Diamond Crown Bar အတွင်းမှထွက်ခဲ့လိုက်၏။ဆက်ကြိုးထွက်လာပေမယ့် မီးရောင်တစ်ဖျတ်"လက်နေသည့် ဘားသည်လူများပြည့်နက်စွာ တည်ရှိနေဆဲပင်။၂၄ နာရီဖွင့်သည့် ဘားမို့ အမြဲလူပြတ်သည်မရှိ။ဆက်ကြိုးကြားတာတော့ Diamond Crownလုပ်ငန်းစုရဲ့ အမွေဆက်ခံမည့်သူက သူ့အတွက် သီးသန့် Bar တစ်ခုဖန်တီးရင်းကနေ အပျော်တမ်းပြန်ဖွင့်ထားတာတဲ့။ဒါပေမယ့် ဆိုင်မှာလုပ်သည့်သက်တမ်းတစ်လျှောက် ဆိုင်ရှင်ကိုတစ်ခါမှမမြင်ဖူးသေးပါ။

ဆက်ကြိုး ဒီ Bar မှာ အလုပ်ရခဲ့သည်က ရဲလွင်ကျေးဇူးကြောင့်ပင်။ ဆက်ကြိုးလို ဆယ်တန်းတောင် မအောင်သည့်သူအတွက် ရန်ကုန်မြို့ကြီးတွင် အလုပ်ရဖို့အတွက် သိပ်ကိုခက်ခဲသည်။ရဲလွင်ပြောပေးလို့သာ Star Crown လို Bar အကြီးစားတွင် အရပ်စပ်သည့်နေရာကို ဝင်ရောက်လုပ်ကိုင်နိုင်တာဖြစ်သည်။အမေ့ ဆေးဖိုးအတွက် ဒီအလုပ်နဲ့တင် အဆင်မပြေတာမို့ ဆက်ကြိုး အခြားသောအလုပ်များကိုလည်းကြုံရာကျဘမ်း အကုန်လိုက်လုပ်ဖြစ်သည်။

တစ်ချို့သော အလုပ်တွေကတော့ ဆက်ကြိုးရဲ့ပုံစံကိုကြည့်ကာ အလုပ်မပေးချင်ကြ ။ဖွေးဥနုဖက်နေသည့်အသားအရေနဲ့မျက်နှာပေါက်ကြောင့် မလုပ်နိုင်လောက်ဘူးထင်ခြင်းကြောင့်ပင်။

သိုဝှက်၍သိမ်းဆည်းသောWhere stories live. Discover now