Uni🏡
တံခွန့်ဧည့်ခံပွဲပြီးသည်နှင့် နေစစ် ထည်ဝါ့ကိုပြန်ပို့ရသည်။လာတုန်းကလည်း သူ့အစ်ကို
ကိုယ်တိုင်ကပါ တစ်ယောက်ထဲစိတ်မချကြောင်းပြောသည်မို့ ကိုယ်တိုင်သွားကြိုပြီး နှစ်ယောက်အတူလာခဲ့ရ၏။မာန်ဟုန်ကပွဲမတတ်နိုင်၍ သူ့ညီလေးကိုအစားလာခိုင်းခြင်းပင်။ကားကိုအာရုံဏ်စိုက်မောင်းနေရင်း ဘေးနားကချာတိတ်ကိုအကဲခတ်ကြည့်မိသည်။လမ်းဘက်ကို မျက်နှာမူကာ ငေးမောရင်းလိုက်ပါ
လာပေမယ့် တစ်ချက်တစ်ချက် သူ့ကိုလှည့်
လှည့်ကြည့်သည်ကိုလည်းကားမောင်းနေရင်း မျက်လုံးထောင့်မှလှမ်းမြင်နေရသည်။အခုချိန် ချာတိတ်စိတ်ထဲ သိချင်တာတွေများနေမယ်မှန်း နေစစ်ခန့်မှန်းမိပါသည်။ဒါပေမယ့် အခုအခြေနေအရ သူတို့နှစ်ယောက်ဆက်ဆံရေးက ရှေ့တိုးလို့မဖြစ်သည့်အခြေနေ။
နေစစ်တို့ကားလေး ထည်ဝါတို့ခြံရှေ့ရောက်သည်နှင့် ထိုးရပ်သွား၏။နေစစ်အရင်ဆင်းသည်နှင့် ထည်ဝါ ပါဆင်း၏။
"ရောက်ပြီ ထည်လေး ...အစ်ကို အိမ်ထဲမဝင်တော့ဘူးနော်"
ထည်ဝါခေါင်းညိတ်ပြပြီး တစ်ချက်ပြုံးကာ
ခြံဘက်မျက်နှာမူလိုက်သည်။ပြီးမှရုတ်တစ်ရက်ပြန်လှည့်လာပြီး"ခဏလေး လူကြီး"
ထည်ဝါ့အသံကြားသည်နှင့် နေစစ် ကားဘက်မှ ထည်ဝါ့ဘက်သို့ပြန်လှည့်လာ၏။
"အွန်း...ပြောလေ ထည်လေး"
"ကျွန်တော် လူကြီးကို မေးချင်တာရှိတယ်။အခုမေးလို့ရမလား"
မျက်လုံးတွေထဲတွင် ချာတိတ်ဘာကိုသိချင်နေလည်း ဖောက်ထွင်းမြင်နေရသည်။အခုချိန်မှာ သူမဖြေချင်သေး။
"ဟို...အရေးမကြီးရင် မနက်ကျမှမေးပါလား
ထည်လေး။အစ်ကိုပြန်ဖို့နောက်ကျနေပြီ""ဟင့်အင်း ကျွန်တော်က အခုသိချင်တာပါ။
လူကြီးပဲပြောတယ်လေ စာသင်ချိန်မှာ parsenal ကိစ္စတွေမပြောချင်ဘူးဆို။အခုက စာသင်ချိန်မဟုတ်တော့ ကျွန်တော်သိချင်တာကိုမေးလို့ရတယ်မလား ဟမ်!""ကောင်းပြီလေ...မေးပါ"
"ဟို.....လူကြီး ကျွန်တော့်ကိုကျောင်းရှေ့မှာပြောခဲ့ဖူးတဲ့စကားလေ။အဲ့ဒါ မေ့နေတာလားဟင်။ဒါမှမဟုတ် ကျွန်တော့်ကိုမမှတ်မိလို့လား"
YOU ARE READING
သိုဝှက်၍သိမ်းဆည်းသော