Uni🏡
"ဟ! အဲ့ဒါဆို သူ့သဘောမပါဘူးပေါ့"
"အွန်း...လော"ဆယ်တော့အဲ့လိုပြောလို့ရတယ်"
"မင်းကွာ...မင်းလုပ်လိုက်တဲ့လုပ်ရပ်ကြီးက
အခန့်မသင့်ရင် ဂျေးအောင်းသွားရနိုင်တယ်ကွ...ကြိုက်ရင်လည်း အရင်ဆုံး သူ့စိတ်ကိုရအောင်ယူပါ့လား""ဘယ်သူကကြိုက်နေလို့လဲ"
"မင်းလေ မင်း"
"အရေးမပါတာ"
"အေး အခုချိန်ဝန်မခံသေးလည်းရတယ် သိလား။ပြီးမှ သူငယ်ချင်းရယ် ငါ့ကိုကူပါဦးကွာဆိုရင်ပေးလိုက်မယ် သိလား ရော့! ဆိုပြီး"
"အေး မင်းငါ့ကိုရန်တွေ့လို့ဝပြီလား။ဝရင်လည်း ငါအပေါ်တက်နားတော့မယ်။နားငြီးတယ်ကွာ"
တံခွန် အပြင်ဘက် dacing floor မှ အပေါ်ထပ်နားနေခန်းသို့တက်နားရန်ထခဲ့လိုက်သည်။
"ဟာ့! ကျစ်"
လူသွားလူလာအရှင်းကြီးကို တံခွန်ကိုတည့်"ဝင်တိုက်ပြီးပခုံးကိုဝင်တိုးခံလိုက်ရသည်။
တစ်ချက်လှည့်ကြည့်ပြီးဇယားမရှုပ်ချင်သည်မို့ ဆက်သွားမည်အလုပ်တွင်...."ဟျောင့် တစ်ချို့ကောင်တွေကလေ လူကြည့်တော့သာ ကျား"ယား"ကြီးတွေကွ။ယူတာကလည်း.... ယောက်ျားတဲ့"
ကိုယ့်ကိုယ်လာနွယ်နေမှန်းသိလိုက်သည်နှင့်
နောက်ပြန်လှည့်ပြီး ပြောနေသည့်သူရဲ့ရင်ဘတ်ကိုခြေနဲ့ပစ်ကန်ပစ်လိုက်သည်။"အာ့!"
တစ်ဖက်လူက ပြန်ထဖို့ပြင်နေစဥ် အပေါ်စီးမှ
ခွကာ နှစ်ချက်လောက်ဆင့်ထိုးပစ်လိုက်သည်။ရုတ်"သည်း"ဖြစ်သွားသည့်အခြေနေကြောင့် နေစစ်အပါအဝင် အခြားလူများပါရောက်ရှိလာကြပေမယ့် တံခွန့်ဒေါသကိုကြောက်၍ မည်သူမှဝင်မဆွဲရဲကြ။"ယောက်ျားဆိုရင် ဒီလိုမျိုး ဒဲ့ရှင်းရဲရတယ်။
မိန်းမတွေလို စောင်းလားမြောင်းလား လာမလုပ်နဲ့ တောက်!"တံခွန် တစ်ဖက်လူပေါ်မှထကာ ပြန်ထွက်သွားမည်အလုပ်တွင်.....
"နေဦး"
တံခွန် စူးရဲစွာတစ်ချက်ပြန်စိုက်ကြည့်လိုက်လျှင်....
"ဆိုယ်ကယ်ပြိုင်ရအောင်"
YOU ARE READING
သိုဝှက်၍သိမ်းဆည်းသော