Part-5

1.7K 32 0
                                    

Uni🏡

ဆက်ကြိုး အိပ်ပျော်အောင်ကြိုးစားပေမယ့်
လုံးဝအိပ်မရ။

ရွေဆွဲကြိုးကိုကောက်ကိုင်ကာ လော့ကတ်ထဲကအမျိုးသမီးပုံကိုကြည့်ပြီးဒေါ်နှင်းစက်ချိုဆိုသည့်အမျိုးသမီးကြီးကတစ်ကယ်ပဲဆက်ကြိုးရဲ့အမေရင်းလားဆိုတာကိုတွေးနေမိတာပင်။ဟုတ်တယ်ဆိုလျှင်ဘာလို့သူ့ကို စွန့်ပစ်ခဲ့ရတာလဲ။မမွေးချင်ရင် အစကတည်းက ဆက်ကြိုးကိုလူ့လောကကြီးထဲကိုဆွဲမခေါ်ခဲ့သင့်ဘူးမဟုတ်လား။

ထိုအမျိုးသမီးကြီးဆီရောက်ဖို့ဆိုရင်....

အတွေးတွေရောက်ယက်ခပ်စွာပင်ညနေက ဦးထူးမြတ်ပေးလိုက်သည့်လိပ်စာကို ပိုက်ဆံအိတ်ထဲမှပြန်ထုတ်ကြည့်လိုက်ဘေးချထားလိုက်လုပ်နေသည်မှာ အကြိမ်ကြိမ်ပင်။ဖုန်းဆက်ပြီး အလုပ်တောင်းရင်ကောင်းမလား
တွေးနေမိသည်မှာလည်း အခါခါ။

ကူညီတာကိုဘမ်းပြပြီး အခွင့်အရေးယူတာလို့လည်း အထင်မခံချင်။ဒါပေမယ့် သူ့အမေဆီကိုရောက်ဖို့အတွက်ကလည်း ဒီနည်းလမ်း
တစ်ခုပဲရှိသည်။

"ဟယ်လို"

"......."

"ဟုတ်ကဲ့ ဦး။ကျွန်တော် သက်ဆက်ကြိုးပါ"

"......."

"ဟုတ်ကဲ့"

"......."

"မဟုတ်ပါဘူး ဦး။ကျွန်တော် အိမ်မှာပဲလုပ်ချင်တာပါ။ကုပ္မဏီက ကျွန်တော်နဲ့အဆင်မပြေလောက်ဘူးထင်တယ်"

"......"

"ဟုတ်... ကျွန်တော် မနက်ဖြန်လာခဲ့ပါ့မယ်"

"......."

"ဟုတ်ကဲ့"

ဟူးးးးး

ဆက်ကြိုးဖုန်းဆက်လာမှာကို ကြိုသိနေပုံပင်။မနက်ဖြန်ရောက်တာနဲ့ ဟိုအိမ်ကိုသွားရတော့မှာမို့ လိုအပ်သည်များကို ထည့်ရ၏။ပြီးပြီဆိုမှအိပ်ရာဝင်ကာ အိပ်ပျော်အောင်အိပ်ရ၏။ဟိုအိမ်ကိုရောက်တာနဲ့ ဆက်ကြိုးဘဝဘယ်လိုဆက်ဖြစ်မလဲ။ဘာလုပ်ရမလဲ တစ်ကယ်ကိုမတွေးတတ်တော့။

မိုးလင်းပြီဆိုတာနဲ့ ညထဲကထုတ်ထားသည့် အိတ်ကိုဆွဲကာ ထိုအိမ်ကြီးသို့ထွက်ခဲ့လိုက်၏။တစ်လာရောက်ဖူးပြီးသားတောင်
ထိုအိမ်ကြီးရဲ့ထည်ဝါမှုက ဆက်ကြိုးကို
အံအားသင့်စေသေးသည်။ဆက်ကြိုးကိုလမ်း
ပြပေးသည့်သူ၏နောက်ကလိုက်သွားလျှင်
အဖြူရောင်ဧည့်ခန်းကျယ်ကြီးနှင့်အတူဦးထူးမြတ်နဲ့ ဒေါ်နှင်းစက်က စီးကြိုလို့နေသည်။

သိုဝှက်၍သိမ်းဆည်းသောWhere stories live. Discover now