Part-3

1.8K 33 0
                                    

Uni🏡

"မငိုပါနဲ့တော့ ဆက်ကြိုးရာ။မင်းဒီလိုပုံဖြစ်နေရင် မင်းအမေကဘယ်လိုလုပ်စိတ်ချလက်ချထွက်သွားနိုင်ပါ့မလဲကွာ။"

"ငါသိပါတယ်ကွာ။ဒါပေမယ့် ငါအမေ့တွက်
စိတ်မကောင်းလွန်းလို့ပါ။ငါ့အမေကငါ့အတွက်နဲ့သူ့တစ်ဘဝလုံးပင်ပန်းခဲ့ရတာကွ။ငါကတစ်လှည့်ပြန်စောင့်ရှောက်နိုင်တဲ့အချိန်ကျမှ အချိန်အကြာကြီးမနေရတော့ပဲ ထွက်သွားရတော့မှာ တွေးမိရင် ငါ ငါ ဘယ်လိုမှမဖြေနိုင်ဘူးဖြစ်နေလို့ပါ။"

ရုတ်တစ်ရက်အမောဖောက်လာသည့်ဒေါ်ခင်နှောင်းကြောင့်ဆက်ကြိုးတို့အခု ဆေးရုံကြီးတွင်ရောက်နေကြတာဖြစ်သည်။နေ့နေ့ညည ဘယ်အချိန်လူ့လောကထဲကထွက်သွားမလဲမသိသည့်ဒေါ်ခင်နှောင်းသည်အောက်စီဂျင်ပိုက်တန်းလန်းဖြင့် ဆေးရုံကုတင်ပေါ်တွင် အသက်ငင်နေပြီဖြစ်သည်။မိဘတစ်ယောက်လုံးကိုဒီလိုအခြေအနေမျိုးနဲ့မြင်နေ ရသည့် ဆက်ကြိုးရင်ထဲတွင် မချိအောင်ခံစားရ၏။ဒါပေမယ့် ဆက်ကြိုး ဘာမှမတတ်နိုင်ပဲကြည့်နေရုံသာတတ်နိုင်သည်။

"သား....သား"

မောဟိုက်နေသည့်ကြားမှ အားယူကာ ဆက်ကြိုးကိုခေါ်၏။ဆက်ကြိုးလည်း ဒေါ်ခင်နှောင်းအနားလေးကိုတိုးကပ်သွားလိုက်ပြီး လက်တစ်ဖက်ကိုဆုတ်ကိုင်ကာ....

"ဗျာ! ပြောလေ အမေ။သားကိုအမေဘာပြောချင်လို့လဲ"

အသက်ကိုမနဲလုရှူနေရပုံပေါ်ပြီး ဟောဟဲဆိုက်နေသည့်ကြားမှ....

"အမေ့သေတ္တာထဲမှာ ဟောဟဲ! ဟောဟဲ!
သား သားအတွက် အရေးကြီးပစ္စည်း ရှိ
ရှိ.....တယ်"

ဒေါ်ခင်နှောင်း၏လက်သည် ဆက်ကြိုးရဲ့လက်ထဲမှ ဘုတ်ကနဲပြုတ်ကျသွား၏။

ဆက်ကြိုးရင်ထဲတစ်ခုခုကို အလိုလိုသိလိုက်ရပုံပင်။မျက်လုံးအိမ်ထဲတွင်မျက်ရည်များဝေ့တက်လာပြီး မျက်ရည်စီးကြောင်းတစ်ခုဖြတ်သန်းစီးဆင်းသွားသည်။

ဒေါ်ခင်နှောင်းရဲ့လက်တစ်ဖက်ကို ခပ်ဖွဖွပြန်ကိုင်ရင်း အဖြစ်အပျက်ကို လက်မခံနိုင်စွာဖြင့်

"အမေ! အမေ့!... သားခေါ်နေတယ်လေ အမေ။သားကို ပြန်ထူးပါဦး။အမေ သားခေါ်နေတယ်လို့။ပြန်ထူးပါဦးအမေရာ။အမေ့.."

သိုဝှက်၍သိမ်းဆည်းသောWhere stories live. Discover now