Uni🏡
📱"အေးပါကွာ။မင်းသာ စိတ်ဖြောင့်"နဲ့သွား။"
"................"
"အေးအေး ငါအခုပဲသွားတော့မှာပါ"
"................."
"အေးအေး"
တောင်ကြီးသွားတဲ့လမ်းကနေသူ့ညီလေးကိုစာသွားသင်ပေးဖို့ ဖုန်းတစ်ဂွမ်"ဆက်လို့နေ၏။မာန်ဟုန်နှင့်ဖုန်းပြောပြီးသည်နှင့် လက်ထဲကဖုန်းကိုချကာ ရေချိုးခန်းထဲသို့ဝင်လိုက်၏။ရေမိုးချိုးပြီးလျှင် မာန်ဟုန်ရဲ့အိမ်ကိုသွားကာသူ့ညီလေးကို စာသွားပြပေးရမှာမို့ သင့်တော်မဲ့အဝတ်အစားကိုရွေးဝတ်လိုက်သည်။ဆံပင်တွေကိုသပ်ရပ်စွာဖြီးသင်ပြီး ရေမွှေးခပ်ပါးပါးစွပ်ကာ အိမ်ကနေထွက်ခဲ့လိုက်သည်။
သင်ပေးဖို့လက်ခံလိုက်ပြီးမှ နေစစ်ရဲ့စိတ်ထဲတစ်မျိုးဖြစ်လို့နေသည်။ဘာအတွက်ကြောင့်မှန်းတော့မသိ။လင်းထည်ဝါဆိုတဲ့ ကလေးကို အငယ်ကမြင်ဖူးခဲ့တာတော့ လိမ္မာမည့်ပုံ။အခုချိန်မှာတော့ ဘယ်လိုပုံဖြစ်နေမည်မသိသေး။
အရင်ကလိုလိမ္မာရေးခြားရှိရင်တော့ နေစစ်အတွက်သင်ပေးရတာသိပ်ပင်ပန်းမှာ မဟုတ်။နေစစ် မာန်ဟုန်တို့အိမ်ထဲ ကားမောင်းဝင်သွားပြီး အိမ်ရှေ့တွင် ကားရပ်လိုက်သည်နှင့် မာန်ဟုန့် အမေ ဒေါ်ပပလင်း ကထွက်၍ကြိုသည်။
"နေကောင်းတယ်နော် အန်တီ"
"ကောင်းပါတယ်ကွယ်။နေစစ်တို့များ သူ့သူငယ်ချင်းမရှိတာနဲ့ အိမ်ဘက်တောင် လှည့်မလာဘူးကွယ်"
လူကြီးရှက်တော့ ပြုံးသည်ဆိုသလိုပဲ နေစစ်မလုံမလဲလေးပြုံးပြလိုက်ပြီး
"ဟုတ်ကဲ့ အန်တီပပ ။ကျွန်တော် အလုပ်လေးတွေရှုပ်နေတာနဲ့ မရောက်ဖြစ်လိုက်ဘူး"
နေစစ်ရဲ့ အကျင့်က ကိုယ်နဲ့သိတဲ့သူလောက်သာ ရင်း"နှီး"ဆက်ဆံပြောဆိုတတ်ပြီး မသိသည့်သူများနှင့်ဆို သိပ်ကိုအနေတည်သည်။ထို့ကြောင့်လည်း နေစစ်ကိုဆို မာနကြီးတယ်ချေတယ်ဆိုပြီး အမျိုး"ခေါင်းစဥ်တက်ကြသည်။
"ခဏစောင့်ဦးနော် သား။အန်တီ မင်းရဲ့ညီကိုသွားခေါ်လိုက်ဦးမယ်"
YOU ARE READING
သိုဝှက်၍သိမ်းဆည်းသော