Uni🏡
"ထူးမြတ်တံခွန်! ထတော့။"
ဆက်ကြိုးကသာနှိုးနေတာ အိပ်နေသူက
လှုပ်ပင်မလာ။"ထတော့ ထူးမြတ်တံခွန်! ဖေဖေခေါ်နေပြီလို့"
စိတ်မရှည်တဲ့အဆုံးလက်နဲ့ပုတ်ကာနှိုးလိုက်လျှင်
"အာ့!"
လက်ကနေဆွဲချကာ ခန္ဓာကိုယ်ကိုတစ်ပတ်လည်ပြီးသူ့ရင်ခွင်အောက်အပို့ခံလိုက်ရသည်မို့ လန့်ဖြန့်သွားရသည်။အုပ်မိုးထားသူ
ကတော့ ဆက်ကြိုးလန့်ဖြန့်ကာ ပြူးကြောင်"လေးဖြစ်နေသည်ကိုကျေနပ်စွာ ကြည့်လို့နေ၏။"ဘာလုပ်တာလဲ! ဖယ်"
"မဖယ်ဘူး"
"ဘာ!"
"တစ်ခါလောက်လေးပဲဖြစ်" ထူးမြတ်တံခွန်ဆိုတာကြီးမခေါ်ပါနဲ့လား။"
"အဲ့ဒါမင်းနမည်ပဲလေ"
"ကျစ်! အဲ့ဒါတော့သိတာပေါ့။နမည်အပြည့်အစုံကြီးမဟုတ်ပဲ သူများတွေလို တံခွန်လို့နူးနူးညံ့ညံ့လေးခေါ်ကြည့်ပါလား"
ပြောရင်းနဲ့ တံခွန်လက်မကဆက်ကြိုး နှုတ်ခမ်းတွေထက်ခပ်ဖွဖွပြေးလွှားလို့နေသေးသည်။
"မရဘူး နာမည်မပြည့်အစုံခေါ်တာ နှုတ်ကြိုးနေပြီ"
"နာမည်မခေါ်ချင်ရင်လည်း မောင်လို့ခေါ်"
"ဘာ! ဟင့်အင်း မခေါ်နိုင်ဘူး"
ယောက်ျားချင်း မောင်လို့ခေါ်ရမှာ နှုတ်ကမအဝံ့ရဲပါ။ခေါ်ရမှာရှက်သည်။မနဲ့မောင်ဇာတ်လမ်းတွေထဲကလိုခေါ်ရအောင်လည်း
ကိုယ်က မမကြီးတစ်ယောက်မဟုတ်သလို။
သူကလည်းကိုယ့်ထက်ငယ်တာတစ်ခုကလွဲရင် အကုန်လုံးက ကျား"ယား"။"ခေါ်မှာလား မခေါ်ဘူးလား"
မေးလာသည့်လေသံက တည်တင်းနေပြီး
စိတ်မရှည်သလိုပင်။"မခေါ်နိုင်ဘူး"
"သေချာလား ခင်များ"
ထိုလေသံမျိုးနှင့်တော့ ဆက်ဆက်ကြိုးကို
လုံးဝအမိန့်ပေးပြီး လာကြောလို့မရစေရ။"သေချာတယ်"
ရွှတ်!
"မင်း"
YOU ARE READING
သိုဝှက်၍သိမ်းဆည်းသော