Uni🏡
📱"တံခွန် accident ဖြစ်လို့ဆို နေစစ်"
"အေး တစ်ဖက်ကကောင်က ဘရိတ်ကြိုး
ဖြတ်ထားတဲ့ပုံပဲ""ဟုတ်လား။ဘယ်လောက်များထိခိုက်သွားသေးလဲ။"
"ကျိုးတာတွေ ဘာတွေတော့မဖြစ်ပါဘူး။ဒီအတိုင်းပွန်းပဲ့ရှနာလောက်ပဲ"
"တော်သေးတာပေါ့ အများကြီးမထိတာ။accident ဖြစ်တယ်ဆိုတော့ ငါကစိတ်ပူနေတာ"
"အွန်း"
"အဲ့ကောင်ဆီ ဖုန်းတွေဆက်နေတာလည်းမကိုင်ဘူး လူကြီးမင်းနဲ့ကြည့်တိုးနေတယ်။"
"အေး ငါလည်းခေါ်နေတာပဲ တစ်ကောမှမကိုင်သေးဘူး။မနေ့ကတော့ ဖြစ်ပြီးကတည်းက ဘားမှာလာခွေနေတာ။တစ်ရေးလည်းနိုးရော ချက်ခြင်းအိမ်ထပြေးတာပဲ"
"အေးပါ။မင်းနည်း"ပါး"ဂရုစိုက်ပေးလိုက်ဦး။"
"အေးပါကွ"
"အေးအေး... မင်းငါ့အိမ်မှာစာသင်နေတာမို့လား ကြာရင်အနှောင့်အယှက်ဖြစ်ဦးမယ် ဒါပဲ ဟျောင့် "
"အေး"
ဖုန်းချပြီး ဆောက်လုပ်ရေးအတွင်းဝင်စစ်နေစဥ် မျက်စိထဲတိုးဝင်လာသည့်မြင်ကွင်းတစ်ခု။အုတ်နီခဲတစ်ခုလုံး ခေါင်းပေါ်ပြုတ်ကျတော့မည့်အနေအထားမို့ အလျှင်အမြန်ပဲ လက်ကလှမ်းဆွဲလိုက်ရာ စံ တစ်ကိုယ်လုံးမာန်ဟုန့် ရင်ခွင်ထဲသို့ဝင်ရောက်လာ၏။
ရုတ်တစ်ရက်မို့လန့်သွားပုံရသည့်သူသည် ရင်ခွင်ထဲမှနေကာ မာန်ဟုန့်ကို မော့ကြည့်၏။
ဘာမှလူးထားဟန်မရှိသည့်မျက်နှာသည် ဖြူဖွေးကြည်လင်နေတာ ပါးပေါ်က သွေးကြောမျှင်လေးတွေကိုပါအတိုင်းသားမြင်နေရသည်။မျက်တောင်ရှည်တွေဝန်းရံနေသည့် မျက်လုံးလေးတွေက ကြည်လင်ဝိုင်းစက်နေသည်က တော်"လန့်သွားပုံရသည်။ဆေးမကူတဲ့ နှုတ်ခမ်းပါးတွေက ရဲနေသေး၏။
အစိတ်အပိုင်းအချို့ကိုငေးမောရင်း ဒဒိတ်"ခုန်လာသည့် ရင်ခုန်သံသည် အတော်ကိုကျယ်၏။သူ့နည်းတူ တစ်ဖက်လူရင်ထဲတွင်လည်း ထပ်တူဖြစ်နေလောက်၏။အို့တို့အန်းတန်းအခြေမအနေကြီးမှလွတ်ရန် စံက အရင်ဆုံး မာန်ဟုန့်ရင်ခွင်ထဲမှရုန်းထွက်လိုက်၏။
YOU ARE READING
သိုဝှက်၍သိမ်းဆည်းသော