Uni🏡
"ပုံ့ပုံ့"
"ရှင် ဘဘကြီး"
"ညက ဟိုကောင်ဘယ်အချိန်ပြန်ရောက်လဲ။သိလိုက်လား။"
"ဟို....."
"ညက နှင်းတစ်ရေးနိုးတော့ ဆိုယ်ကယ်သံကြားလိုက်တယ် ကိုကြီး။12ကျော် 1နာရီလောက်ထင်တာပဲ။"
"သွားနှိုးလိုက်တော့ ပုံ့"။မနက်စာစားမယ်လို့"
"ဟုတ်"
ပုံ့"ကိုအပေါ်ထပ်နှိုးရန်လွှတ်လိုက်၏။တစ်ယောက်ထဲရှိတဲ့သားကို ဘယ်လိုထိန်းလို့ထိန်းရမှန်းကိုမသိတော့။အလုပ်"ပါဆိုလည်း သူ့အလုပ်တွေကိုဝင်မကူ။မိန်းမယူပါဆိုလည်းဆန့်ကျင်သည်။ဒီသားကိုထိန်းသိမ်းနိုင်မယ့်
လူ ဒီကမ္ဘာမှာမရှိတော့ဘူးထင်ပါသည်။တွေးကြည့်လျှင်တစ်ကယ်ကိုရင်မော၏။မသေခင်မြေးလေးချီရဖို့နေနေသာ" အမွေကို
ဆက်ခံပြီး စီးပွားရေးတောင်ဦးစီးခိုင်းလို့မရ။သားဖြစ်သူက အလုပ်လုပ်ရမှာပျင်းနေတာမျိုးမဟုတ်ပဲ လွတ်"လပ်"နေချင်သည့်ပုံ။အရှုပ်အနှောင်မရှိ ပေါ့"ပါး"နေချင်တာကိုလည်း နားလည်ပါသည်။ဒါပေမယ့်
ဒီနေရာတွေက အချိန်တန်ရင်သူသာဦးစီးရမှာမို့အခြေ ခံလေးဖြစ်"သိထားစေချင်တာ။တစ်အောင့်လောက်အကြာတွင် ပုံ့"ပြန်ရောက်လာ၏။
"ပြန်လာတာမြန်လိုက်တာ။ဘာတဲ့လဲ"
"အကိုလေးမရှိဘူး ဘဘကြီး"
"ဟမ်!"
"ညကသေချာပေါက်ပြန်လာတာ နှင်းတွေ့လိုက်ပါတယ်။
ဦးထူးမြတ် လက်ကကော်ဖီခွက်ကိုချ၍
ထိုင်နေရာမှထကာ ချက်ခြင်းမတ်တပ်ထရပ်လိုက်မိသည်။စိတ်ရှုပ်သွားရခြင်းနဲ့အတူ သားအတွက်စိုးရိမ်စိတ်များလည်းတစ်ပြိုင်တည်းခံစားလိုက်ရသည်။ ပြန်လာတာသေချာရင် သူ့အခန်းထဲမှာရှိနေရမှာကို အခုကဘယ်ရောက်နေတာလဲ။"တစ်အိမ်လုံးအနှံလိုက်ရှာကြည့်ဦး။ခြံထဲမှာလည်း ဦးစိုးကိုလိုက်ရှာကြည့်ခိုင်း"
"ဟုတ်"
မနက်စာစားဝိုင်းကိုပစ်ကာ တစ်အိမ်လုံး မီးတောက်အောင်ရှာနေကြ၏။အတော်ကြာရှာပြီးလို့မတွေ့မှ.....
![](https://img.wattpad.com/cover/356841659-288-k934524.jpg)
YOU ARE READING
သိုဝှက်၍သိမ်းဆည်းသော