Part-6

1.5K 39 1
                                    

Uni🏡

မနက်ခင်းနေရောင်ခြည်စထွက်လာတာနှင့်
ဆက်ကြိုးမျက်စိများပွင့်လို့လာ၏။နေရောင်နည်း"ဝင်ရင်တောင် ဆက်မအိပ်တတ်သည့်အကျင့်က သူများအိမ်မှာလာနေသည့်အချိန်တွင် အတော်ကိုအဆင်ပြေသည်။မဟုတ်လျှင် သူများအိမ်မှာလာနေပြီး အိပ်ရာထနောက်ကျနေလျှင် အဆင်ပြေနိုင်မှာမဟုတ်။

မျက်နှာသစ်သွားတိုက်ပြီးတာနဲ့ ဦးထူးမြတ်အလုပ်သွားခါနီးအဆင်ပြေအောင် ကားကိုအရင်ဆုံးရေဆေးဖို့ပြင်ရသည်။အခြားအလုပ်သမားများမှာလည်း သူ့တာဝန်နဲ့သူလုပ်ကိုင်နေကြ​ပြီး ဆက်ကြိုးကတော့ အလုပ်မယ်"ရ"ခေါင်းစဥ်မတပ်ထားသည်မို့ အားလျှုင်အားသလို ကြုံလျှင်ကြုံသလိုအကုန်လိုက်ပြီးဝိုင်းကူလုပ်ပေးလိုက်သည်။

နေရောင်အတော်ထွက်ပြီး ၈နာရီလောက်ရောက်သည်နှင့် အိမ်ထဲမှလူနှစ်ဦးထွက်လာကြသည်။

ပုဆိုးနဲ့တီရှပ်လက်ရှည်အဖြူကိုဝတ်ဆင်ထားသည့် ဦးထူးမြတ်နှင့် သူ့ဇနီး ဒေါ်နှင်းစက်ချိုတို့....

ကားတံခါးကိုဆွဲဖွင့်ပေးလိုက်ပြီး

"ကျွန်တော်လိုက်ပို့ပေးရမလား ဦး"

"ရောက်ခါစဆိုတော့ အိမ်မှာပဲ အေးဆေးနားလိုက်ပါဦးကွာ။နောက်ရက်မှ ဦးကိုလိုက်ပို့တော့"

"ဟုတ်ကဲ့"

ဆက်ကြိုး ကားတံခါးကိုပိတ်ပေးလိုက်သည်နှင့် ဦးထူးမြတ်က ကားကိုမောင်းထွက်သွား၏။ရပ်ကျန်နေသည့် ဒေါ်နှင်းစက်ကို
တစ်ချက်ပြုံးပြပြီး လှည့်ထွက်ဖို့ပြင်လိုက်ချိန်တွင်.....

"ခဏလေး သား"

"ဟုတ် အန်တီဘာခိုင်းချင်လို့လဲဗျ"

"ခိုင်းစရာတော့မရှိပါဘူး။မနက်စာရော စားပြီးရဲ့လား မနက်အစောကြီးကတည်းက ထနေတာတွေ့လို့"

"ဟုတ် ပုံ့ပုံ့တို့နဲ့အတူ" ပဲပြုတ်ဆီဆမ်းစားပြီး
ပြီ အန်တီ"

"ဟုတ်လား... စားချင်တာ လိုချင်တာရှိရင် အန်တီ့ကိုပြောနော် သား"

"ဟုတ်ကဲ့"

လှည့်ထွက်သွားသည့်ကျောပြင်ကိုကြည့်ကာ
ဒေါ်နှင်းစက်ကြောင်ကြည့်နေမိ၏။ဒီကလေးကိုတွေ့လိုက်ရင် စိတ်ထဲမှာတစ်ခုခုထူးခြားလို့
နေသည်။အခုလို အလုပ်တွေလုပ်နေရသည်ကိုကြည့်ကာ သနားမိသလို"ခံစားရသည်။
တစ်ခါတစ်လေ အကြည့်ချင်းဆုံမိလျှင် ထိုကလေးရဲ့မျက်ဝန်းတွေကသူ့ကိုတစ်ခုခုပြောချင်နေဟန် ခပ်ဆွေးဆွေး"လေးဖြစ်လို့နေသည်။ထိုအရာက ဘာလဲမသိ။

သိုဝှက်၍သိမ်းဆည်းသောWhere stories live. Discover now