part-17

1.2K 23 4
                                    

Uni🏡

🚨............warning

ပူလောင်နေသည့် ခန္ဓာကိုယ်ကြောင့် အရက်ဘားမှ ဒယီးဒယိုင် ထွက်လာမိသည်။ထိုအခါ
ဆက်ကြိုးကို ဆေးခတ်သည့်သူက သူ့အနောက်ကနေကပ်ပါလာပြီး

"ကိုယ်ကူညီပေးမယ်လေ"

လက်မောင်းကိုလာကိုင်သည့်လက်တွေကိုပုတ်ထုတ်နေပေမယ့် စိတ်နောက်ကိုယ်မပါပဲ
အားနည်းလို့နေသည်။ဆက်ကြိုးမည်မျှရုန်း"
နောက်ဆုံးမှာ ထိုလူဆွဲခေါ်ရာသန့်စင်ခန်းသို့ပါလာရသည်။

"မလုပ်နဲ့"

ထိုလူက ဆက်ကြိုးခန္ဓာကိုယ်ကိုဘေစင်လိုနေရာမျိုးမှာတင်လိုက်ပြီး ရှပ်ကြယ်သီးတစ်လုံးကိုဇွတ်ဆွဲဖြုတ်သည်။ပြီးမှ ဆက်ကြိုးလည်တိုင်ကြား ခေါင်းတိုးဝင်ကာ နမ်းခြိုက်ဖို့ကြိုးစား၏။

"ဟာ!! ဒီခွေးမသား"

ဆက်ကြိုးကိုပေးထားသည့်အချိန်အတွင်းပြန်မတက်လာသောကြောင့် တံခွန်အောက် ဆင်းကာပတ်ရှာလျှင် အရက်ဘားမှကောင်လေးက ဒီဘက်ထွက်သွားတာတွေ့လိုက်သည်ဆိုတာနှင့်ရောက်လာခြင်းပင်။ရောက်"ခြင်း ဆီးကြိုးနေသည့်မြင်ကွင်းကြောင့် စိတ်တိုကာ ရှေ့ကလူ၏ အက်ျီကော်လန်စအားနောက်ကနေ လှမ်းဆွဲပြီး သန့်စင်ခန်းတံခါးနှင့် ပစ်ရိုက်ပစ်လိုက်သည်။

ရုတ်တစ်ရက်အလစ်အတိုက်ခံလိုက်ရသည့်လူကပြန်ထကာ လုပ်ဖို့ကြိုးစားသည်နှင့် တံခွန်က ဦးအောင်ထိုးကြိတ်တော့သည်။

သူသာအချိန်မှီရောက်မလာရင် သူပိုင်တဲ့လူကိုမည်မျှလောက်တောင်ထိပါးနေမည်နည်း။

အတွေးနဲ့အတူတစ်လိတ်"တက်လာသည့်ဒေါသတို့၏ပုံချရာသည် တစ်ဖက်လူ၏မျက်နှာအနှံ့ဖြစ်သည်။သွေးအလိမ်း"ထွက်နေသည့်မျက်နှာကိုမမြင်တော့ပဲ သူ့အာရုဏ်ထဲစိုးမိုးနေသည်က အစောကမြင်ကွင်းသာ.....

"တော်တော့တံခွန် ရပ်လိုက်တော့။ ဟိုကောင် သေတော့မယ်"

"ဖယ်! လွှတ်! ဒီကောင့်ကိုငါအသေသတ်မှာ"

တစ်ဖက်လူကလှုပ်တောင်မလှုပ်နိုင်တော့ပဲ
ကြမ်းပြင်မှာသာပုံလျက်သားရှိ၏။တံခွန်က
နေစစ်ဆွဲနေသည့်ကြားမှာ အတင်းရုန်းထွက်ပြီး ခြေနဲ့မိရာကိုလှမ်းကန်သေး၏။

သိုဝှက်၍သိမ်းဆည်းသောWhere stories live. Discover now