Uni🏡
ဆက်ကြိုး အမေ့ရဲ့ရက်လည်ပြီးသည်နှင့်
ရှင်းစရာကိစ္စများကိုရှင်းဖို့ပြင်ရ၏။အမေ မရှိတော့ပေမယ့် အမေ့ရဲ့အသုံးအဆောင်ပစ္စည်းလေးများကိုသိမ်းရင်း မျက်ရည်ကလည်မိနေသေး၏။အရင်က နှစ်ယောက်ရှိသည့်အိမ်သည် အခုများတော့ ခြောက်ကပ်တိတ်ဆိတ်လို့နေသည်။ပစ္စည်းတွေသိမ်းရင်း
အမေပြောခဲ့သည့်စကားလေးကိုအမှတ်ရပြီး
အမေ့ရဲ့သံသေတ္တာအဟောင်းလေးကိုဖွင့်ကြည့်လိုက်သည်။ဒါပေမယ့် အဝတ်အစားများသာတွေ့ရ၏။အဝတ်တွေကို လှန်လှောရင်း အောက်ခြေတွင် ကတ်ထူစက္ကူပုံးလေး
တစ်ခုကိုတွေ့ရသည်။ထိုဘူးလေးကို မထုတ်ပြီး ဖွင့်ကြည့်ချိန်တွင်.....ဆက်ကြိုးရဲ့မွေးသက္ကရာဇ်ကိုရေးမှတ်ထားသည့်စာရွက်တစ်ခုကိုတွေ့ရ၏။ရေးထားတာကြာနေပြီဖြစ်ပုံရသည့် စက္ကူသည် အတော်လေးကိုနွမ်းပြီး ပေနေပြီဖြစ်သည်။နောက်ထပ်တွေ့ရတာကရွှေနဲ့လုပ်ထားသည့်တဲ့ အသဲပုံလော့ကတ်သီး ရွှေဆွဲကြိုးလေးတစ်ကုံး။လော့ကတ်သီးလေးကိုကောက်ဖွင့်လိုက်ချိန်တွင် ဆက်ကြိုးတစ်ခါမှမမြင်ဖူးသည့် အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားတစ်ယောက်ပုံက လော့ကတ်တစ်ခြမ်းစီတွင်နေရာယူထားသည်။ဆက်ကြိုးထင်တာမမှားရင် ထိုလူနှစ်ယောက်က ဆက်ကြိုးမိဘတွေဖြစ်နိုင်ပါသည်။
"အမေပြောတာ ဒါတွေလား အမေ။
ဒါ ကျွန်တော့်ရဲ့မိဘအရင်းတွေလား။"ဆွဲကြိုးကိုကိုင်ကြည့်ပြီးမေးမိနေ ပေမယ့် ဖြေဆိုမယ့်သူကတော့မရှိ။
"ဆက်ကြိုးရေ! ဆက်ကြိုး"
"ဝေ့! လာခဲ့လေ ရဲလွင် ငါအထဲမှာရှိတယ်"
"အေးအေး"
ဆွဲကြိုးလေးကို ဘောင်းဘီထဲထည့်လိုက်ပြီး
ရဲလွင်ကိုပြန်အော်လိုက်၏။ရဲလွင်လည်း ဆက်ကြိုးအနားလာထိုင်ပြီး...."အကုန်လုံး အဆင်ပြေ"ရောပြီးသွားရဲ့လား
ဆက်ကြိုး""ပြီးသွားပါတယ်ကွာ။အပိုတော့ထွက်မလာပေမယ့် ကူငွေလေးတွေက သုံးတာနဲ့အကိုက်ပါပဲ"
"တော်သေးတာပေါ့ကွာ။ငါကမင်းပိုက်ဆံလိုနေမှာတွေးပူနေတာ"
ဆက်ကြိုးကိုစိတ်ပူပေးနေသည့် သူငယ်ချင်းဖြစ်သူကို ဆက်ကြိုးအသာယာပြန်ပြုံးပြမိ၏။
![](https://img.wattpad.com/cover/356841659-288-k934524.jpg)
YOU ARE READING
သိုဝှက်၍သိမ်းဆည်းသော