Uni🏡
"မင်း ဒီနေ့တော့အိမ်ပြန်မယ်မလား တံခွန်"
"အွန်း"
တံခွန်ဘားမှာလာခွေနေသည်မှာ ၂ ရက်လောက်ပင်ရှိပြီဖြစ်သည်။အိမ်ကdady fatherကလည်း ပြန်လာဖို့နားပူနေပြီမို့ ဦးထူးမြတ်အလုပ်သွားလောက်မည့်အချိန်လောက် အိမ်ကိုပြန်ဖို့စိတ်ကူးထား၏။
"ငါ နောက်တစ်ပတ်လောက်ဆို ခရီးထွက်စရာရှိတယ်။"
မာန်ဟုန်ပြောသည်ကို သူငယ်ချင်းနှစ်ယောက်လုံးအာရုဏ်စိုက်ကာ ကြည့်လာကြပြီး
"ဘာကိစ္စလဲ။2"
ပြိုင်တူအသံထွက်လာကြသည့်သူငယ်ချင်းနှစ်ယောက်ကိုကြည့်ကာ....
"မင်းတို့လည်းသိတဲ့အတိုင်းပဲကွာ။ငါ့အိမ်က
ခရီးသွားကုမ္ပဏီဖွင့်ထားတယ်မဟုတ်လား။
အခုချိန်က ခရီးသွားရာသီဆိုတော့ တောင်ကြီးဘက်မှာ အပန်းဖြေစခန်းတွေဆောက်ဖို့ရှိတယ်ကွာ။အဲ့ ပရောဂျက်ကို ငါ့ဒယ်ဒီက ငါ့ကို
သွားဦးစီးစေချင်တယ်။အဲ့ဒါကြောင့်သွားရမှာ""မင်းဟာ အဲ့ဒါဆို ကြာမှာပေါ့"
တံခွန်ကမေးသည်မို့ သူ့ဘက်လှည့်ကြည့် လိုက်ပြီး
"အွန်း...ဘယ်လောက်ကြာမလဲ မပြောတတ်သေးဘူး"
"သြော်"
"အဲ့ဒါထက်လေ ငါမသွားခင် မင်းကိုအကူအညီတစ်ခုလောက်တောင်းစရာရှိတယ်
နေစစ်"နေစစ် ကိုယ့်ကိုယ်ကို လက်ညှိုးပြန်ထိုးပြီး
ငါ့ကိုဟုတ်လားဆိုသည့်အမူအရာနဲ့မေးလိုက်ရာ...."အေး...ဟုတ်တယ် မင်းကို"
"ဘာကိစ္စလဲ"
"မင်း ငါ့ညီ လင်းထည်ဝါကိုသိတယ်မဟုတ်လား"
"ဟို အရင်ကငါတို့မင်းအိမ်ကိုအလည်လာရင်
ငါ့ဆီပြေးပြေးကပ်တဲ့လင်းလေးကိုပြောတာမဟုတ်လား။သူ့ကို မင်းဒေါ်လေးတွေရှိတဲ့ တောင်ကြီးမှာပဲ ကျောင်းထားထားတာဆို""အေး...ပြန်ရောက်တာ နှစ်နှစ်လောက်တောင်ရှိတော့မယ်"
"ဟုတ်လား...ငါလည်း မင်းတို့ကောင်တွေမရှိတော့ အိမ်တွေလည်းမရောက်ဖြစ်တော့ပါဘူး"
YOU ARE READING
သိုဝှက်၍သိမ်းဆည်းသော