Part-19

1.5K 32 4
                                    

Uni🏡

"ထည်ဝါ"

"ဗျာ!"

"နားမလည်တာရှိရင် အကို့ကိုပြန်မေးနော်"

"ဟုတ်"

နေစစ်ကိုဤမျှသာပြောပြီး စာဆက်ကြည့်နေသည့် ချာတိတ်သည် ဟိုအရင်ကလို တက်"ကြွ"လေးမဟုတ်တော့ မေးထူးခေါ်ပြောလောက်သာပြောပြီး သိပ်ကိုအေးစက်သွားသည်။ဒါပေမယ့် ဥာဏ်ကောင်းတဲ့သူမို့ သူဘာသင်"သိပ်ကိုအတတ်မြန်သည်။

"မာန်ဟုန်နောက်အပတ်ကျရင်ခဏပြန်လာမယ်တဲ့ ထည်ဝါတို့ဆီဖုန်းဆက်ပြီးပြီလား။"

"ဟုတ် ညကပဲဖုန်းဆက်တယ်။"

"သြော်"

ရင်းနှီးပြီးမှ စိမ်းသွားတဲ့သူစိမ်းတွေက ပို၍စိမ်းသည်ဆိုတာသိပ်ကိုမှန်သည်။ကိုယ်ဆီ ခံစားချက်မကောင်းပဲ ဆက်ဆံနေရသည့် ဒီအခြေအနေကြီး မြန်"အဆုံးသတ်ချင်သည်။

📱"တူ"''''''''''

"အေး ပြောလေ တံခွန်။"

"........................."

"အေးပါ...ငါခဏနေပြန်လာတော့မှာ"

".................."

"အေးအေး"

ဖုန်းချသည်ကို ချာတိတ်ကကြည့်နေသည်မို့

"တံခွန်ဆက်တာလေ။သူအိမ်ပြန်တော့မလို့တဲ့ ကိုယ်ပြန်လာပြီလားမေးတာ"

"သြော် အစ်ကိုပြန်ရင်လည်း ပြန်လေ။ကျွန်တော် ဆက်လုပ်ထားလိုက်ပါ့မယ်"

"ရပါတယ် ထည်ဝါပြီးမှပဲ ပြန်လိုက်ပါ့မယ်။"

"ဟုတ်"

လက်ထဲကနာရီကိုကြည့်ကာ တံခွန် အငြိမ်မနေနိုင်ဖြစ်နေမိ၏။ခဏဆိုပြီး ဘားကိုထွက်လာမိတာ နေစစ်မရှိခင် ဆိုင်မှာပြသ္သနာဖြစ်တာနဲ့တိုးနေသည်။ပုံမှန်ဆို သူတို့မရှိလည်း ယုံကြည်ရတဲ့လူနဲ့လွှဲထားလို့ရပေမယ့် အခုပြသ္သနာက တော်"ကြီးသည်မို့ သူကိုယ်တိုင်ဝင်ရှင်းနေရသည်။အချိန်အားဖြင့်၆ နာရီကျော်ပြီး ၇ နာရီပင်ထိုးတော့မည်...အိမ်မြန်"ပြန်ဖို့လိုပါသည်ဆိုနေမှ .....အိမ်ကလူမျက်နှာကိုမြင်ချင်တွေ့ချင် လွမ်းလှပြီ။ဒီပုံအတိုင်းဆို သူဘားကို အမြဲတမ်းလာဖို့မဖြစ်နိုင်လောက်တော့။ထိုလူကိုချစ်မိတာသိလာကတည်းက
ဒီလောက်ကြာချိန်လေးကတောင်သူ့အတွက်
ကမ္ဘာခြားနေသလိုပင်။

သိုဝှက်၍သိမ်းဆည်းသောWhere stories live. Discover now