Part-9

1.1K 31 11
                                    

Uni🏡

"ကျွန်တော်ကူညီပေးမယ်လေ အန်တီ"

"ရပါတယ် ဆက်ကြိုးရယ်။အန်တီ ချက်တာ ကျက်တော့မယ်။"

ဒေါ်နှင်းစက်သည် ရံဖန်ရံခါဆိုသလို မီးဖိုချောင်ဝင်ကာ ကိုယ်တိုင်ချက်ပြုတ်တတ်၏။အခုလည်း သူကိုယ်တိုင်ဝင်ကာချက်ပြုတ်နေခြင်းပင်။

"ကူချင်ရင် ပုံ့ပုံ့ကိုလာကူပါလား အစ်ကိုဆက်ကြိုးရယ်။ပုံ့ပုံ့က ငရုတ်သီးနည်း"လောက်
ခြွေမလို့။"

"ဟုတ်ပါပြီ...အစ်ကိုလုပ်ကူမယ်။ဘာလုပ်ကူရမလဲ ပြော"

"ဟို ကြက်သွန်နည်း"လောက်သင်ပြီး လှီး​ပေးပါလား အစ်ကိုဆက်ကြိုး။ပြီးရင် အစ်ကိုလေးအတွက် ကြက်သားမွကြော်ပေးမလို့"

"အွန်း သင်ပေးမယ်လေ။ဒါနဲ့ မိခိုင်ကရော"

"မိခိုင်က အန်တီနှင်းတို့အခန်းမှာ မီးပူသွားတိုက်နေတယ် "

"သြော်"

မီးဖိုခန်းသည် စကားပြောသံများ ခေတ္တရပ်ဆဲသွား၏။ပြီးမှ....

"ဆက်ကြိုးက မိဘတွေနဲ့မနေဘူးလား"

ဒေါ်နှင်းစက် စကားကြောင့် ဆက်ကြိုးဒေါ်နှင်းစက်ကိုပြန်ကြည့်လိုက်၏။ပြီးမှ

"ဟုတ် အရင်ကတော့ အမေနဲ့နေတယ် အန်တီ။ဒါပေမယ့် အမေကဆုံးသွားပြီဗျ"

"သြော်....မွေးချင်းတစ်ယောက်မှမရှိကြဘူးလား"

"ဟင့်အင်း ကျွန်တော်မသိဘူး။ကျွန်တော့်ကိုအမေကမွေးစားထားတာလေ။ကျွန်တော့် မိဘတွေက ကျွန်တော့်ကို လမ်းဘေးမှာစွန့်ပစ်ခဲ့တာ...အမေက ကောက်ယူမွေးစားပေးခဲ့တာကြောင့် ကျွန်တော်က ဒီနေ့ထိအသက်ရှင်နေခဲ့တာ။မဟုတ်ရင် ကျွန်တော့်အမေရင်း စွန့်ပစ်ခဲ့ကတည်းက ကျွန်တော်ဆိုတာရှိမှာတောင်မဟုတ်လောက်တော့ဘူး။"

ဆက်ကြိုးရဲ့စကားတွေသည် ဒေါ်နှင်းစက်ကိုကြည့်၍ပြောနေတာမို့ သူ့မျက်နှာပေါ်က အပြောင်းအလဲများကို အတိုင်းသားမြင်နေရသည်။မျက်နှာတစ်ချက်ပျက်ယွင်းသွားပြီးမှ
ပြန်၍ပြုံးကာ

"ဟို...အန်တီနှင်း မိခိုင်ကိုသွားကြည့်လိုက်ဦးမယ်။မီးဖိုပေါ်ကအိုးကိုချပြီးရင် ပုံ့ပုံ့ အစ်ကိုလေးအတွက် ချက်ပေးလိုက်တော့နော်"

သိုဝှက်၍သိမ်းဆည်းသောWhere stories live. Discover now