part-1(U+Z)

2.9K 55 0
                                    

##Unicode##

"ဂျူဂျူး..."

"ဗျာ....လာပြီမေမေ..."

မောင်ခုမှအိပ်ယာနိုးတာမို့ မျက်နှာမသစ်ရသေး မေမေကလှမ်းအော်နေပြီ...မောင်အပြေးလေးဆင်းခဲ့ပြီးမေမေ့နားသွားတော့ မေမေကမီးဖိုထဲချက်ပြုတ်နေလေရဲ့။

"မေမေဘာပြောမလို့လဲ.."

မေမေက ကြက်သွန်လှီးနေရင်းနဲ့ဘဲ စကားစသည်။

"သမီး အမေကြီး သူ့ရွာပြန်မှာ အဲ့ဒါ နင့် အစ်မနွယ်ကော လိုက်လည်ချင်လို့တဲ့​ေလ သမီးကိုအဖော်စပ်ခိုင်းနေတာ"

အမေကြီးက အညာသူဖြစ်ပြီး တောင်ပေါ်သား အဖိုးနဲ့ရကာ ဒီတောင်ပေါ်မှာလိုက်လာနေပေမယ့် သူ့အညာကိုတော့ တစ်နှစ်တစ်ခေါက်တော့​ြပန်ဖြစ်သည်။
အဖိုးလဲဆုံးသွားခဲ့ပြ​ီ​။မေမေတို့ကိုလဲ ဒီ​တောင်ပေါ်မှာမွေးတာ ​ြပီးတော့​ ​ေမမေလဲ တောင်ပေါ်သားဖေဖေနဲဲ့ဘဲအိမ်ထောင်ကျတာ မေမေတို့ကလဲအလုပ်နဲ့ မအား
မောင်တို့ကလည်း ကျောင်းတစ်ဖက်နဲ့မအားတာကြောင့်မလိုက်ဖြစ်ဘူးဒီနှစ်တော့ကျောင်းနားထားတာကြောင့် ပျင်းနေခဲ့တာ လိုက်သွားကြည့်မလားလို့ အတွေ့အကြုံအသစ်လေးရတာပေါ့..

မောင်ခနစဥ်းစားလိုက်ပြီး

" မောင်လဲပျင်းနေတာနဲ့အတော်ဘဲလိုက်မယ်လေ
ဘယ်တော့သွားမလဲ"

"နောက်နှစ်ရက်လောက်နေရင် ဖြစ်မယ်"

"ဒါဆို မောင်ပြင်ဆင်စရာရှိတာပြင်ဆင်ထားတော့မယ်"

"အင်းအင်း...."

.......
မောင်အစ်မနွယ် ဆီသွားရအုံးမယ် ဟိုမှာ ဘာတွေလိုအပ်မလဲသွားမေးရမယ်... မောင်ကတစ်ခေါက်မှရောက်ဖူးတာမဟုတ်ဘူး..အညာဆိုတော့ ပစ္စည္း
တွေကစုံမှာမဟုတ်ဘူး... မောင်သုံးနေကျ ပစ္စည္းတွေလဲရှိမှာမဟု​တ်ဘူး ဝယ်သွားတာမမှားဘူး ဟိုရောက်မှ ဘာမှမရှိရင် မောင်အခက်တွေ့နေပါ့မယ်..ပြီးတော့ လက်ဆောင်တွေလဲဝယ်သွားရမယ်
အစ်မနွယ်က အမေကြီးနဲ့ တစ်အိမ်ထဲနေသည်။
အစ်မနွယ်တို့အိမ်က တောင်အောက် ​ ​မြေပြန့် ကျသည်။မောင်တို့အိမ်က တောင်ပေါ်မှာမို့ အမေကြီးက လိုက်မနေချင်ဘူးလေအညာသူဆိုတော့ မြေပြန့်ဘဲပျော်မှာပေါ့..

မောင့်မုဒြာWhere stories live. Discover now