##Unicode##
မောင် အိမ်ထဲဝှေ့ကြည့်တော့ ထိုအမျိုးသမီးကိုမတွေ့ရ။
ဒါနဲ့မောင်လဲပြန်မည်လုပ်တော့။
"ဟိတ်ကောင်မလေး။"
ဒါသူမအသံဘဲမောင်လှည့်လိုက်တော့
ပထမနေ့ကလိုပင် သူမကထမိန်တိုတိုဝတ်ကာ ပါးကွက်ကြားလေးနှင့်။ဆံပင်ကိုလဲြမင့်မြင့်ထုံးထားလေသည်။"ဟုတ်"
"ဘာလာလုပ်တာလဲ"
"ဟိုလိုင်းလာသုံးတာပါ။"
"ဒါဖြင့် ဘာလို့မသုံးတာလဲမင်းစောနကရောက်တယ်။လိုင်းမသုံးဘဲ ကျုပ်အိမ်ထဲဝှေ့ကြည့်ပြီး ပြန်တော့မယ်လုပ်တယ်။ဘာသဘောလဲ"
"ဟို..."
"ကဲထားပါ။ခုလိုင်းသုံးမှာလားပြန်မှာလား"
"ဟင့်အင်းတစ်ခုမှမဟုတ်ဘူး။
အန်တီနဲ့စကားပြောမှာ။""ဟင်"
ဒီကောင်မလေး အိမ်ကို ခနခနလာနေတာ အကြောင်းတော့ရှိမည်။ဧကန်န မု တူလေးနဲ့များ။
အိုမဖြစ်နိုင်လိုက်တာ။
"စကားပြောမယ်ဆို ကောင်မလေး လာလေကွပ်ပျစ်ပေါ်။"
မု သူမကိုခေါ်လိုက်တော့။သူမ အနားရောက်လာကာ မုဘေးနားလေး လာထိုင်သည်။
"မောင်က ဒီရွာကိုလာတဲ့ဧည့်သည်ပါ။အမေကြီးသန်းရွှေရဲ့မြေးပါ။ဖိုးသန်းထွန်း တို့အိမ်မှာတည်းပါတယ်။ မောင်နဲ့အတူ အစ်မတစ်ယောက်လဲပါပါတယ်။"
"ကျုပ်သိပါတယ်ေတာ်။"
"ဟုတ်ကဲ့ မောင့်နာမည်က..."
"ဂျူဂျူးမောင် မဟုတ်လားတော့"
မောင်ထိုအမျိုးသမီးကိုကြည့်မိသည်။ သူမက အဝေး ကိုငေးကာ သွေးအေးအေးလေးတုံ့ပြန်သည်။
"ဟုတ်ပါတယ်။"
"ဘယ်နှစ်ရက်လောက်ကြာမှာလဲ"
"မသိသေးဘူး ပျော်သလောက်ပေါ့။"
"တစ်ရက်လောက်တော့ထမင်းဖိတ်ကျွေးချင်ရဲ့"
"တကယ်လားအန်တီ"
"အင်း မင်းတို့အဆင်ပြေတဲ့နေ့ပြောလေတော်"

YOU ARE READING
မောင့်မုဒြာ
Romantikကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။