##Unicode##
"အစ်မနွယ်.."
"အင်းပြောလေ"
"မောင့်ကိုစိတ်ဆိုးနေတာလား"
"ဟင့်အင်း ငါကဘာလို့စိတ်ဆိုးရမလဲ ကလေးကလား"
"အစ်မညိုကြောင့်.."
"no no..အဲ့ကိစ္စ နဲ့တော့ နင့်ကိုစိတ်မဆိုးပါဘူးဟာ
ညို့ကိုကြည်ကြည်ဖြူဖြူဘဲ နင့်လက်ထဲထည့်ပေးခဲ့တာမို့ အဲ့အတွက်နဲ့တော့စိတ်ဆိုးစရာအကြောင်းမရှိ။""ဒါဆို ဘာအကြောင်းရှိသေးလဲ။ "
"နင် ညို့အပေါ်သစ္စာ တော့မမဲ့ပါနဲ့ဟာ။ ငါကနင့်ကို ယုံလို့ နင့်လက်ထဲထည့်ပေးခဲ့တာနော်။ နင်ညို့ကိုတကယ်မချစ်ရင် မချစ်ပေးနိုင်ရင် လက်လွှတ်လိုက် ။
နင်ညို့ကိုတန်ဖိုးမထားရင် တန်ဖိုးထားတတ်တဲ့ငါရှိတယ်။""ဟာအစ်မနွယ်ကလဲ မောင်က အစ်မညိုကိုတကယ်ချစ်တာ။တန်ဖိုးလဲထားတယ်။ မောင့်အချစ်က အစ်မနွယ်ထက်မပိုရင်တောင် အစ်မနွယ်အောက်မလျော့ဘူးနော်။"
"စောင့်ကြည့်ရတာပေါ့။"
"စောင့်ကြည့်ပါ။"
"အယ်အဲမတို့.."
"ဗျာ..ဟုတ်အစ်မ "
မနေ့ကထမင်းစားလာခေါ်တဲ့အစ်မက မောင်တို့ကိုခေါ်သည်မို့။
"နင်တို့လိုင်းသုံးချင်တယ်ဆို ။အဲ့ဒါကျုပ် တူမ ထားထားဦး ကိုခေါ်ထားတယ်။သူလိုက်ပို့ပေးလိမ့်မယ်။"
"ေအာ်ဟုတ်အစ်မ။ကျေးဇူးပါ။"
"ရပါတယ်။မလိုပါဘူး။"
ခနကြာတော့ ထားထားဦးဆိုသူကရောက်လာသည်။မောင့်နဲ့ရွယ်တူလောက်ပင်။သူမက မောင်တို့ကို လိုက်ပို့ပေးသည်။ အိမ်တစ်အိမ်သို့။
သူညွှန်ပြသည့်အပင်အောက်သို့ သွားပြီး မောင်တို့လဲ လိုင်းသုံးနေလိုက်တော့သည်။ သူကတော့ အိမ်ကိုပြန်
သွားခဲ့သည်။ ဒီရွာမှာတော့ ဒီတစ်အိမ်ဘဲ
နှစ်ထပ်တိုက်အိမ်ဘဲ။ ချမ်းသာမည့်ပုံပင်။
....gpတွင်...
အိမ့်မှူးစံ ။ ။ ဟိုညီမ နှစ်ယောက် မပြောမဆိုနဲ့ဘယ်လိုဖြစ်ပြီးအောက်ပိုင်းရောက်သွားရတာလဲ။
YOU ARE READING
မောင့်မုဒြာ
Romanceကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။