part-21

665 47 1
                                    

မု ကြာပန်းတွေခူးပြီးအပြန် လမ်းမှာကလေးတစ်ယောက်ငိုနေတာကိုကြားခဲ့တယ်။

လှမ်းကြည့်လိုက်တော့ ဖိုးသန်းထွန်းတို့အိမ်ကကွပ်ပျစ်မှာ ငိုနေတဲ့ကလေးပေါက်စ။

မိခင်ကောဖခင်ပါချော့မြူနေပေမယ့်ကလေးကအငိုမတိတ်။ဘာအလိုမကျလို့ပါလိမ့်။

မုလဲ ဝင်သွားတော့သည်။

"အစ်မကလေးကဘာဖြစ်တာလဲ။"

"ရေခဲချောင်းစားချင်လို့တဲ့ညမရေ။"

"ပူတော့စားချင်မှာပေါ့။ဝယ်ကျွေးလိုက်ပါလား။"

"ဝယ်ကျွေးတာ ငါးချောင်းရှိပြီညမရေ ဒါကိုထပ်စားချင်နေသေးတာ။"

"အမလေးတော် ငါးချောင်းတောင်ရှိပြီ။"

"ဟုတ်ပ။အလိုလိုက်ထားတော့အရမ်းဆိုးနေတာ။မရိုက်ချင်လို့ကိုအကမ်းတက်နေတာ။"

"ကလေးဆိုတော့အချော့ကြိုက်တယ်အစ်မရေ။"

"ချော့နေတာပဲလေ။မဟုတ်ရင်ရိုက်ပြီးနေပြီ။"

"ညမချော့ကြည့်ပါ့မယ်။

ကလေး။"

မုခေါ်လိုက်တော့ကလေးကမျက်လုံးဝိုင်းသားလေးနဲ့ကြည့်လာသည်။

"ကလေးနာမည်ဘယ်လိုခေါ်လဲ။"

"ဂျူဂျူး..မောင်..ဟင့်။"

အငိုတိတ်သွားသော်လဲရှိုက်သံလေးတွေနှောနေသည်။

"ကလေးကရေခဲချောင်းငါးချောင်းတောင်စားပြီးတာကိုထပ်စားချင်နေတာဆို။"

"ငါးချောင်းထဲဝမှမဝတာ။"

"ရေခဲချောင်းကစားတိုင်းမကောင်းဘူးကလေးရဲ့။ချောင်းဆိုးတယ်ရင်ကျပ်တယ်။"

ဘာမှမပြောဘဲနှူတ်ခမ်းလေးဆူပြသည်။

"ရေခဲချောင်းအစားတခြားဘာ စားချင်လဲ။"

"ဟင့်ဟင်းရေခဲချောင်းပဲစားချင်တာ။"

"ကလေးရယ်။မဆိုးနဲ့လေကွယ်။
ဆိုးတဲ့ကလေးတွေဆိုလူကြီးတွေကမချစ်ဘူးနော်။"

"ဟုတ်လား။"

"အွန်းပေါ့။
ကလေးဂျိုးလို့ ေဂျာက်လောက်စားမလား။"

မောင့်မုဒြာWhere stories live. Discover now