##Unicode##
ခုလက်ရှိ....
"မောင်"
"ဟုတ်အန်တီ"
"စကားတွေကောင်းနေတာ ကျုပ်အလုပ်လေးတွေရှိသေးတယ်တော့။ခွင့်ပြုအုံး"
"ဟုတ်ကဲ့။မောင်ဘာကူလုပ်ပေးရမလဲ။"
"တကယ်လုပ်ကူမှာလား"
"ဟုတ်"
"ဒါဆို ကျုပ်နဲ့လိုက်ခဲ့"
မု မောင့်ကိုနွားတဲဆီခေါ်ခဲ့သည်။
"အန်တီ...."
မုလက်ကို ကြောက်အားတကြီးဆုပ်ကိုင်လာတဲ့မောင်ရယ်။မုကို အားကိုးမယ်ပေါ့။
"ဘာလို့လဲမောင်"
"ဒီမှာဘာလုပ်မလို့လဲ"
"နွားစာကျွေးမလို့လေ။"
"ဟင်"
"ရှင်လုပ်ကူမယ်မဟုတ်လား"
"ဟိုလေ။တခြား..."
"အွန်း..."
"အင်းပါ။ပြောပြီးမှတော့ လုပ်ကူရမှာပေါ့"
"ဒါပေါ့။ "
မု နွားစာဆင်းထားသည့်တောင်းကိုယူကာ မောင့်အားပေးလိုက်သည်။
"နွားစားခွက်ထဲထည့်ပေးလိုက်နော်"
"ဟုတ်"
မောင်တွန့်ဆုတ်တွန့်ဆုတ်နှင့် သွားနေသည်မှာ ရယ်ချင်စရာပင်။
မောင်အားမွေးကာ နွားစားခွက်ရှေ့ထိရောက်လာသော်လည်း မိမိရှေ့မှ နွားမှာ သူ၏ဦးချိုကိုဝှေ့ရမ်းလာသော်...
"အမေ့!!အန်တီရေ..."
လက်ထဲမှနွားစာတွေကိုပြစ်ချကာ အန်တီမု ရှိရာဒုန်းဆိုင်းပြေးလေတော့သည်။
"ဟဲ့ဟဲ့!!ဖြေးဖြေး"
မု ဆီ ကဆုန်ပေါက်ပြေးလာတဲ့မောင့်အား ပွေ့ချီထားရသည်။အကြောက်ကြီးလိုက်တာမောင်ရယ်။အားကိုးရတော့မှာဘဲ။
မုဆီရောက်တော့ မုရင်ခွင်ထဲခေါင်းအပ်ကာ ရှိုက်ငိုနေရှာသည်။အတော်လေးလန့်သွားပုံရမည်။မု မှားသွားပြီထင်ပါရဲ့။
"မောင်"
"ဟင့်!!"
"ကျုပ်တောင်းပန်ပါတယ်။မင်းအဲ့လောက်ကြောက်တတ်လိမ့်မယ်မထင်လို့ပါ"

YOU ARE READING
မောင့်မုဒြာ
Romanceကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။