"အန်.."
မောင့်ခေါ်သံမဆုံးခင်မှာပင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကြောင်အသွားရသည်။
အန်တီ့လက်ကိုသူစိမ်းအမျိုးသားကကိုင်နေပြီး အန်တီက ငြိမ်ခံနေသည်တဲ့လား။
"ဟင် ဂျူဂျူးမောင် "
ဘယ်လို ဂျူဂျူးမောင်တဲ့လား မောင်နာမ်စားအပြင်တခြားခေါ်ဖူးတာဆိုလို့ ကလေးဆိုတဲ့နာမ်စားလေးဘဲရှိတာပါ။ဘယ့်နှယ့် နာမည်အပြည့်စုံခေါ်ပါလိမ့်။
"ဟုတ် တီချယ်။"
သူမရဲ့ပြောင်းလဲမှုကြောင့် အလိုက်ထိုက်ပြောင်းပေးရင်း
"ပြောစရာရှိလို့လား။"
"ဟုတ်ကဲ့ အဆောင်ပြန်နှင့်ရင်ပြန်နှင့်နော် ဂျူဂျူးသွားစရာလေးရှိလို့ အဲ့ဒါလာပြောတာ။"
"အော်အွန်း စောစောပြန်ခဲ့နော်။"
"ဟုတ်ကဲ့။"
မောင်နှုတ်ဆက်ပြီးထွက်လာခဲ့သည်။ထိုအမျိုးသားဘယ်သူဆိုတာ သူမကလဲမိတ်မဆက်ပေး။
"မုဒြာ သူကဘယ်သူလဲ။'
"ကိုယ့်တပည့်လေးပါ။"
အဝေးမရောက်သေးသည့် မောင်သေချာကြားလိုက်တာပေါ့။
တပည့်လေးတဲ့လား။အဲ့ဒီအမျိုးသားကဘယ်သူမို့လဲ။မုဒြာတဲ့ အဲ့သလိုတောင် ခေါ်ခွင့်ပေးရလောင်အောင်ထိ သူကဘယ်သူလဲ။
"ဟိတ်ဂျူဂျူး မင်းခနကတွေ့ခဲ့တာ ကိုယ့်ဦးလေး။"
မောင့်မေးခွန်းတွေကိုမမေးရပါပဲဖြေပေးသည့်မြတ်သောမောင်။
"အော်.."
ဟုသာပြန်ပြောရင်း။
"သွားသောက်မယ် လိုက်မလား။"
"အယ် ဂျူဂျူး ဒီလောက်လေးနဲ့ သောက်တော့မှာလား။"
"မလိုက်လဲနေ။"
"လိုက်မယ်။ကိုယ့်ကိုစောင့်ပါအုံး။"
စိတ်မရှည်စွာအရင်ထွက်သွားသည့် ချာတိတ်မလေးနောက် အပြေးလေးလိုက်လာရသည်။မနေ့ကတော့ အတိတ်တွေစိတ်မဝင်စားဖူးပြောပြီး အတူတွဲတွေ့ရုံနဲ့ ဘက်လျော့တော့မလို့လား။ဂျူဂျူးဒါအစပဲရှိသေးတယ် တစ်နေ့ မင်းအဲ့အမျိုးသမီးကိုမုန်းပြီးကိုယ့်အချစ်ကိုလက်ခံလာစေရမယ်။အဲ့နေ့ကလဲ မကြာတော့ပါဘူး။
YOU ARE READING
မောင့်မုဒြာ
Romanceကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။