##Unicode##
မောင်နဲ့ နွယ် လိုင်းသုံးပြီးပြန်လာတော့ခုံတန်းလျားတွင်ထိုင်နေသည့် နေညိုတင့်လွင် ကိုမြင်လိုက်ရသည်။
"ဟင် အစ်မညို ရောက်လာကြပြီလားစောသားဘဲနော်။"
"ရောက်တာကြာပေါ့။ဘယ်တွေသွားနေကြတာလဲ။"
"ဟို လိုင်းသွားသုံးတာ။ဟီး။
အစ်မမှူးကော။""Toiletသွားတယ်ထင်တယ်။"
"အော်။"
နွယ်နဲ့ မောင်လဲ ညို့ဘေးနားဝင်ထိုင်ရင်းစကားတွေကောင်းနေလေရဲ့။တစ်ဖက်မှာတော့ မှူးတစ်ယောက်။
မှူးအိမ်သာ အသွား။နောက်ကနေ ကျောပြင်ဘဲြမင်နေရသောအမျိုးသမီး။သူမ ရေငင်နေလေရဲ့။
မှူးအတွေးထဲအမျိုးသမီးတစ်ဦးရဲ့ပုံရိပ်တစ်ချို့ပေါ်လာ၏။ သေချာသွားအောင် ထိုအမျိုးသမီးအနားသွားလိုက်ကာ။
"ဒီမှာ ဒီမှာရှင့်။"
သူမလှည့်လာသည်။
"ဟင်။"
တကယ်ဘဲ သူမဘဲ။
"အိမ့်မှူးစံ။မင်းဘယ်လို။"
"တီချယ်။တကယ်တီချယ်ဘဲ။"
"ငါမေးနေတယ်လေ ။မင်းဘယ်လိုရောက်လာတာလဲလို့။"
"ဇင်လေးနွယ်နဲ့ဂျူဂျူးမောင်ဆီလာတာ။"
"ဒါဆို ဒီနေ့ရောက်မယ့်ဧည့်သည်ကမင်းပေါ့။"
"အင်း။"
"တို့ကိုခွင့်ပြုပါအုံး။"
"နေပါအုံးတီချယ်။"
"တို့မအားသေးလို့ပါ။"
"ကောင်းပါပြီ။"
ထိုအမျိုးသမီးထွက်သွားတော့ သူမကျောပြင်လေးကိုတွေတွေလေးငေးရင်း မှူးမျက်ဝန်းထဲမျက်ရည်စတို့ရစ်ဝဲလာခဲ့သည်။
မျက်ရည်မကျအောင်မျက်လုံးပုတ်ခတ်လိုက်ရင်း သက်ပြင်းလေးချကာ အိမ်သာဘက်သို့ထွက်လာခဲ့သည်။
မြတ်နိုးဝေ မှူး အနားကထွက်လာခဲ့သည်။မဟုတ်ရင်သူမငိုမိတော့မည်။မှူးကိုမြင်လိုက်သည်နှင့်ရင်ထဲစို့တက်သွားခဲ့ရသည်။ဒီကလေးမလေးကိုသူမရင်နင့်အောင်ချစ်ခဲ့ရသည်မဟုတ်လား။ဖူးစာမပါလို့လွှဲခဲ့ကြပေမယ့် သူမကိုခုထိ တစ်ရက်မှမေ့မရနိုင်ခဲ့ဘဲ။
YOU ARE READING
မောင့်မုဒြာ
Romanceကုမုဒြာဆိုတာ တခြားသူတွေအတွက်တော့ တန်ဖိုးကြီးတဲ့ပန်းတစ်ပွင့် ဖြစ်ချင်ဖြစ်လိမ့်မယ် မောင့်အတွက်တော့ သူဟာသာမာန်ပါဘဲ။